အခန်း (၂) (ခ)

1.2K 138 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၂) (ခ)

ဘေးနားတွင် ရပ်နေဆဲဖြစ်သော ယွီလင်းသည် တံခါးမှ အလျင်စလို ဝင်လာသော လူအုပ်ကြီးက သူမကို တိုက်မိသွားသည်။ သူမ သေချာပြန်ရပ်နိုင်သောအခါမှ အပြင်ကအော်သံတစ်ခုထွက်လာ၏။ “လမ်းဖယ်ထားကြ၊ လူနာတင်ထမ်းစင်လာပြီ။”

လူနာတင်ကားက နောက်ဆုံးတော့ ရောက်လာပြီ။

စစ်ယွီတစ်ယောက် ထမ်းစင်ပေါ်ပါသွားတာမြင်မှ ယွီလင်းမှာ စိတ်သက်သာရာရသွား၏။ စီစဉ်ထားသည့်အတိုင်း ရှုတင်က ပြီးသွားနိုင်သော်လည်း သူမသည် စစ်ယွီ၏ မတော်တဆမှုက ကုမ္ပဏီအပေါ် အပြစ်တင်ခံရမည်ကို ပိုစိုးရိမ်မိနေသည်။ အခုတော့ အဆင်ပြေသွားပြီ။ စစ်ယွီကိုလည်း ဆေးရုံပို့လိုက်ပြီ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီဘက်က တရားမျှတသွားပြီ။ 

သူမသည် နောက်ဆက်တွဲများအတွက် နေခဲ့ရမည်ဖြစ်သောကြောင့် ယွီလင်းသည် လက်ထောက်အချို့ကိုသာ ဆေးရုံကားနှင့် လွှတ်လိုက်သည်။ စတူဒီယိုမှာ လူမရှိသလောက်ဖြစ်သွား၏။ ဘေးနားရှိ တခြားစတူဒီယိုကြီးမှ လူများစွာ ထွက်လာကြသည် သူတို့သည် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲများကို ကြားလိုက်ရသောကြောင့် အခြေအနေကို လာကြည့်ကြတာ ဖြစ်သည်။ ယွီလင်းတစ်ယောက် သတိလက်လွတ်ကြည့်လိုက်သောအခါ သူမ၏အကြည့်မှာ ဦးဆောင်လာသော ဆယ်ကျော်သက်လေးထံတွင်သာ ကပ်ငြိနေသည်။ 

“ကျီလင်း၊ မင်း ဘာဖြစ်လို့ ထွက်လာတာလဲ။ အကုန်ပြီးသွားပြီလား။” ယွီလင်းသည် ထိုလူ့ဆီသို့ အပြေးလေးသွားကာ ပြုံးရင်းမေးလိုက်သည်။

ဆယ်ကျော်သက်လေးသည် သိပ်မကြာခင်ကမှ အရွယ်ရောက်လာဟန်တူသည်။ သူသည် ပန့်စတိုင်ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး သတ္တုအလှဆင်ပစ္စည်းများကို ချိတ်ဆွဲထားသောကြောင့် သူလမ်းလျှောက်လိုက်တိုင်း အသံများထွက်နေသည်။ သူသည် ပေါ်ပြူလာ မဖြစ်သော ထိုပုံစံမျိုးကို ဝတ်ဆင်ထားသော်လည်း ၎င်းမှာ သူ၏ထက်မြတ်သော အသွင်သဏ္ဍာန်ကို မဖုံးနိုင်ချေ။ သူသည် မျက်ခုံးပင့်လိုက်ကာ ခပ်ပါးပါးအပြုံးလေးက သူ၏ချောမောသောမျက်နှာတွင် ပေါ်လာ၏။ သူသည်

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now