အခန်း (၃) (ခ)

1.2K 141 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၃) (ခ)

တစ်ခြားလူများမသိသော်လည်း လက်ထောက်လေး ရှောင်အိုက်ကတော့ သေချာသိနေသည်။ ကျိုးစစ်ယွီတစ်ယောက် <<ဖုန်းရှန့်>> ၏ မျက်နှာဖုံးစာမျက်နှာတွင် ဓာတ်ပုံရိုက်ခွင့်ရသည်မှာ နောက်ကွယ်မှ ကျီလင်းလုပ်ပေးခဲ့သောကြောင့်ဖြစ်သည်။ မဟုတ်ပါက ဒီလိုမျိုး ရှေ့တန်းပြည်တွင်းဖက်ရှင်မဂ္ဂဇင်းကြီးမှ သူမအား ဘယ်လိုလုပ် သဘောကျပါ့မလဲ။ ကျီလင်းသည် သူရိုက်ရမည့် ကာဗာဓာတ်ပုံများအား အတွင်းပိုင်း စာမျက်နှာပုံများနှင့်သာ လဲလှယ်စေခဲ့သည်။ ဒီလိုအသားတုံးလေးက ကောင်းကင်ကနေ ကျိုးစစ်ယွီရဲ့ ခေါင်းပေါ် ကျလာတာပဲ။*

(ကံကောင်းတာ)

သူမ၏နှလုံးသားထဲတွင် သူမ အများကြီးဝင်မပါသင့်ဘူးဟု သိနေမိသော်လည်း ရှောင်အိုက်သည် ပါးစပ်မဖွင့်ဘဲ မနေနိုင်ခဲ့ပေ။ “ကျီကော၊ အဲ့ဒီမော်ဒယ်လေးကို သိလို့လား။”

ကျီလင်းသည် ပြန်မဖြေခင် အကြာကြီး တိတ်သွားပြီးမှ ယောင်ဝါးဝါးသာ ပြန်ဖြေလိုက်၏။ “အဲ့လိုပြောလို့ရပါတယ် ...”

“ကျီကော၊ ကောက အခု အမြင့်တက်နေတဲ့အချိန်နော်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ကောရဲ့ပုံရိပ်ကို ပိုပြီးသတိထားဖို့လိုမယ်။ တစ်ခုခုဆိုရင် ကျွန်မလုပ်ပေးလို့ရပါတယ်။”

သူမသည် ကျီလင်းအား အကျိုးသက်ရောက်မှုကိုအာရုံစိုက်ရန်နှင့် အခုလို စိတ်လွတ်ကိုယ်လွတ်ပုံစံအား လူသိရှင်ကြား မဖော်ပြမိစေရန် သတိပေးခြင်းဖြစ်၏။ ဘာပဲပြောပြော ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ မော်ဒယ်လေးသည် ကျီလင်းထက် အသက်ကြီး၏။ သူတို့နှစ်ယောက်ကြားတွင် အချစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတင်းအဖျင်းတွေက ကျီလင်းအတွက် ကောင်းတဲ့အရာ မဟုတ်ကြပေ။ 

 ကျီလင်းသည် ရှောင်အိုက်ပြောတာကို ကြားပြီး မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သည်။ “မင်း ဘာတွေ တွေးနေတာလဲ။ ငါနဲ့သူက အဲ့လိုဆက်ဆံရေး မဟုတ်ပါဘူး။” ကျိုးစစ်ယွီက အဲ့‌အကြောင်းကို လုံးဝ သတိမထားမိသေးဘူး ဆိုပေမဲ့လည်း ငါ့အစ်မကို ငါ စိတ်ပူတာလေ ဘာများပြဿနာရှိနေလို့လဲ။ 

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now