အခန်း (၄) (ခ)

1.1K 130 0
                                    

Unicode

အမျိုးသားဇာတ်လိုက်ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၄) (ခ)

ပုံမှန်လိုပင် မနှစ်မြို့ဖွယ် ခါးသက်နေသော ‌ဆေးအား သောက်ပြီးနောက် သူမသည် တက်စီငှားကာ ဖုန်းရှန့်ကုမ္ပဏီသို့ သွားလိုက်၏။ မမျှော်လင့်ထားစွာပင် သူမအား လာကြိုသောလူမှာ ယွီလင်းဖြစ်နေသည်။

ရှုတင်အတွင်းတွင် စစ်ယွီအား မကျေမနပ်ဖြစ်နေခဲ့သော အမူအရာနှင့် ယှဉ်ရပါလျှင် ယခုတစ်ခေါက် ယွီလင်း၏အပြုအမူမှာ ပိုပြီးငြင်သာလာကာ သူမမျက်နှာတွင် အပြုံးတစ်ခုအား ချိတ်ဆွဲထား၏။ “မင်း ရောက်လာပြီလား။ မစ္စတာကျန်းချောင်က ဒီတစ်ခေါက် ရှုတင်ကို အရမ်းစိတ်ကျေနပ်ပြီးတော့ အခွင့်အရေးရရင် နင်နဲ့ အလုပ်အတူတူ ထပ်လုပ်ရဖို့ မျှော်လင့်ပါတယ်တဲ့။ နင်တော့ ချက်ကောင်းကို ထိလိုက်ပြီ။”

ယွီလင်းသည် စစ်ယွီ၏အသားအရောင်အား ဂရုတစိုက် လေ့လာနေသည်။ သူမ၏မျက်နှာမှာ ဘာအရောင်မှမရှိဘဲ သူမ၏နှုတ်ခမ်းများမှာလည်း ဖြူရော်နေတာကို မြင်မိသောအခါ ထိုနေ့က သွေးအန်သောမြင်ကွင်းအား သတိရမိသွားပြီး နည်းနည်း ထပ်မေးလိုက်သည်။ “နင် နေကောင်းလာပြီလား။”

“လင်းကျဲ၊ ဒါက ကျွန်မရဲ့ ရောဂါဟောင်းလေးပါပဲ။ စိတ်ပူစရာမရှိပါဘူး။” ဟု စစ်ယွီသည် ရိုရိုသေသေ ဖြေလိုက်၏။

အမှန်တကယ်တော့ သူမသည် ယွီလင်း၏ခေါင်းအား အာရုံရနေခြင်းဖြစ်သည်။ သူမတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တုန်းက ယွီလင်း၏ခေါင်းပေါ်တွင် ပန်းရောင်ရင့်ရင့် ရှိနေသော်လည်း ယနေ့တွင်မူ မီးခိုးရောင်မြူများအဖြစ် ပြောင်းလဲသွားသည်။ ယွီလင်းမှာ အရင်ကအတိုင်းပဲ ဘာမှမသိသည့်ပုံပင်။ 

အစတွင် စစ်ယွီသည် ထိုမီးခိုးအား ဖုန်များဟုထင်မိတာဖြစ်သည်။ ထို့ကြောင့် ယွီလင်း ဟိုဘက်လှည့်ကာ ပစ္စည်းယူသောအချိန်တွင် သူမလက်အား ထုတ်ကာ ခါပေးလိုက်သည် ----

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now