အခန်း (၁၁) (က)

839 124 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၁) (က)

တကယ်တော့ စစ်ယွီနှင့် လက်မှတ်ထိုးခဲ့‌သည့် မော်ဒယ်ကုမ္ပဏီကို ဖိအားပေးရန်မှာ သွမ့်ရူလန်တစ်ယောက်တည်းရဲ့ အကြံတော့မဟုတ်ပေ။

သွမ့်ရူလန်သည် စစ်ယွီကို သွားတွေ့တုန်းက သူမ လိုချင်တာကို မရခဲ့ပေ။ ထို့ကြောင့် အိမ်ပြန်လာကာ တံခါးကိုပိတ်ပြီး ဒေါသကိုဖြေလျော့လိုက်သည်။ ကံမကောင်းခဲ့သော အိမ်ထောင်သည်ဘဝကနေ လွတ်မြောက်ပြီးနောက် သူမ၏ဘဝသည် လွန်ခဲ့သော နှစ်နှစ်ဆယ်လုံးလုံး အဆင်ပြေချောမွေ့နေခဲ့၏။ ကျီမိသားစု၏စီးပွားရေးမှာ အလွန်တိုးတက်လာခဲ့ပြီး ကျန်းမြို့၏ အရေးပါသော ခရိုနီများ ဖြစ်လာခဲ့ကြသည်။ သွမ့်ရူလန်သည် ကျီမိသားစုတွင် ဂုဏ်သိက္ခာရှိ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ သွားသည့်နေရာတိုင်း လူတွေစုဝေးလာပြီး သူမကို အများကြီးဂရုစိုက်ကြ၏။ ထို့ကြောင့် သူမသည် ယခုလောက် ဒေါသမထွက်ဖူး၊ အရှက်ခွဲခံရခြင်းမျိုး မရှိခဲ့ဖူးပေ။

မီးလောင်ရာလေပင့်သကဲ့သို့ သူမအားဒေါသထွက်အောင် လုပ်ခဲ့သူမှာ သူမ အမြဲတမ်းမုန်းခဲ့သည့် ဖျားနာနေသည့်သမီးပဲဖြစ်၏။ သွမ့်ရူလန်သည် မျက်နှာပျက်သည်ဟု ခံစားရပြီး အလွန်ဒေါသထွက်လာရသည်။ ကျိုးစစ်ယွီက သူ့ကိုယ်သူဘာထင်နေတာလဲ။ ငါမွေးလို့ လူဖြစ်ရတဲ့ ကလေးက ငါ့ကို စိန်ခေါ်ရဲတယ် ဟုတ်လား။ တကယ့်ကို အကျင့်ယုတ်ပြီး ပိုက်ဆံပဲကုန်စေတဲ့ မွေးရတာမတန်တဲ့ သမီးပဲ ..

သွမ့်ရူလန်မေ့နေခဲ့သည်မှာ သူမကသာ မိသားစုကနေထွက်ခွာကာ သမီးကိုစွန့်ပစ်ခဲ့သော၊ မိခင်တာဝန်‌မကြေပွန်သောသူသာဖြစ်သည် ဆိုသည့်အချက်ပင်။ သူမသည် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့သည့်အတွက် ဝမ်းနည်းပုံလည်းမပေါ်ပေ။ ကျိုးစစ်ယွီမိသားစု၏ အနှောင်အဖွဲ့မှ လွတ်မြောက်သွားသည့်အတွက် ယခုကဲ့သို့ ချမ်းသာကြွယ်ဝသော ဂုဏ်ရှင် ကြေးရှင် အမျိုးသမီးကြီး ဖြစ်ရသည်ဟုသာ ‌ယူဆနေသည့်ဟန်ရှိသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now