အခန်း ၂၃

617 87 1
                                    


ခန်း (၂၃) (က)

ထုတ်လုပ်ရေးအဖွဲ့တစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခြင်းသည် ကြီးမားသော ကိစ္စကြီး ဖြစ်သည်။ ၎င်းသည် ပရောဂျက်တစ်ခုလုံး ပျက်သွားနိုင်သည်အထိ ဖြစ်စေနိုင်၏။ ဒါရိုက်တာလျန့်သည် လေးနက်သောအမူအရာဖြင့် ဒီသတင်းကိုယူလာသူအား မေးလိုက်သည်။ “ဒါက ဘယ်လိုဖြစ်သွားရတာလဲ။ ကျီကုမ္ပဏီက ဘာမှမပြောဘဲနဲ့ ရုတ်တရက်ကြီး သူတို့အရင်းအနှီးကို ဘယ်လိုလုပ်ပြီး ရုတ်သိမ်းချင်သွားရတာလဲ။”

ခါးသီးသော အမူအရာဖြင့် ထိုလူသည် ဒါရိုက်တာလျန့်၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။ "အဲ့ဒါက ဒီလိုပါ။ သူတို့က ကျိုးစစ်ယွီကို ထုတ်ခိုင်းတာ…"

"ကျိုးစစ်ယွီ... ထပ်ပြီးတော့ သူမပဲလား။" ဒါရိုက်တာလျန့်တစ်ယောက် ရုတ်တရက် သတိရသွား၏။ လူရွေးပွဲအတွင်း၊ စစ်ယွီကို မရွေးလိုကြောင်း သွယ်ဝိုက်ပြောခဲ့သည့် တစ်ခြားရင်းနှီးမြှုပ်နှံသူ ဥက္ကဋ္ဌဝမ်လည်း ရှိခဲ့သေးသည်။ သို့သော်လည်း ထိုအချိန်တုန်းက ထိုနေရာတွင်ပဲ ကျီလင်းသည် စစ်ယွီအား ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြခဲ့သည်။ ထို့ကြောင့်သာ ဒါရိုက်တာလျန့်က သူမကို အလုပ်ခန့်ဖို့ သတ္တိရှိတာဖြစ်၏။ "ကျီလင်းက ဒီကိစ္စကို သိလား။ ဒါက သူ့အကြံလား။"

ဒါရိုက်တာလျန့်သည် မော်ဒယ်နောက်ခံမှ ဆင်းသက်လာသည့် ဘာမှမဟုတ်သော မင်းသမီးငယ်လေးတစ်ဦးမှာ ရင်းနှီးမြှုပ်နှံမှုကြီးနှစ်ခုကို အမှန်တကယ် ဆုတ်ခွာသွားအောင် လုပ်နိုင်မည်ဟု လုံးဝမထင်ခဲ့ဖူးပေ။ သို့သော် သူ နားမလည်တာက ကျီလင်းသည် ကျီမိသားစု၏ အိမ်ရှေ့စံမင်းသားငယ်လေး ဖြစ်သည်။ သေချာပေါက်ကို သူက ကျီမိသားစုကို ကိုယ်စားပြုနိုင်ပေသည်။ ကျီလင်းက စစ်ယွီကို ရိုက်ကူးရေးအဖွဲ့မှာ ပါ၀င်ဖို့ ခေါင်းငြိမ့်ပြီး ခွင့်ပြုလိုက်တာကို နောက်ဆုံးအခိုက်အတန့်မှ ကျီမိသားစုက ဘာလို့ စိတ်ပြောင်းသွားရတာလဲ။

ထိုလူက ခေါင်းခါလိုက်ပြီး “ဒါရိုက်တာလျန့်၊ ကျွန်တော်လည်း ဒီကိစ္စကို မရှင်းဘူး။ ထုတ်လုပ်ရေးအဖွဲ့ဆီ လာဖို့ ကျီကောကို ကျွန်တော်ခေါ်ထားပြီးပြီ။ ဒါပေမယ့် ဒီကိစ္စ... ခင်ဗျားများ ကျိုးစစ်ယွီကို အရင်အကြောင်းကြားချင်သေးလား။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now