အခန်း (၁၀) (ခ)

884 126 2
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၀) (ခ)

ထို့ကြောင့် စစ်ယွီသည် သွမ့်ရူလန်၏ ပါးစပ်မှ ထွက်လာသည်များကို သောက်ရေးမပါဘူးဟုသာ သတ်မှတ်ထားသည်။ စစ်ယွီက ရယ်မောကာ ပြောလိုက်၏။ "ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မမှာ ငယ်ငယ်လေးကတည်းက အမေမရှိဘူး။ အဲ့ဒီတော့ ဒီက အမေတစ်ယောက်က ဘယ်က ပေါ်လာရတာလဲ မသိဘူး။"

သူမသည် အော်သာဖြစ်နေတုန်းက ဘာမှမခံစားခဲ့ရပေ။ သို့သော် အခု သူမ သွမ့်ရူလန်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ချိန်မှာတော့ ရွံရှာသည်ါစိတ်သာရှိသည်။ -- ဒီလိုလူမျိုးက ဘယ်လိုလုပ် အမေတစ်ယောက်ဖြစ်လာပါလိမ့်။

သွမ့်ရူလန်သည် စိတ်ဓာတ်ကြံ့ခိုင်၏။ စစ်ယွီ၏ ထေ့လုံးငေါ့လုံးများကို သူမစိတ်ထဲမထားပေ။ သူမသည် စစ်ယွီအား အကြီးစကားကိုနားမထောင်သည့် ကလေးဆိုးလေးတစ်ယောက်ကို ကြည့်နေကာ ထပ်ပြီးနားချလိုက်သည်။ "ရှောင်ယွီ သမီးအများကြီး နနစ်နာခဲ့ရတာ အမေသိပါတယ်။ ဒါကြောင့် အမေဒီနေ့ ဒီကိုလာပြီးတော့ သမီးကို အလျော်လာပေးတာ..."

"ဒီမှာပဲ ရပ်လိုက်တော့။ ကျွန်မ အမေတစ်ယောက်ကို လက်လွတ်စပယ် ကောက်ခေါ်လိုက်ဖို့ မစဉ်းစားထားဘူး ပြီးတော့ ကျွန်မ ဘာလျော်ကြေးမှလည်းမလိုဘူး" စစ်ယွီသည် သူမအား စကားဖြတ်ပြောလိုက်၏။

"ဒီမှာ မဒမ် အစကနေအဆုံးထိ ရှင်ပြောသမျှကို ကျွန်မ တစ်လုံးမှ နားမလည်ဘူး။ ရှင် လူမှားနေတယ်လို့ ကျွန်မထင်တယ်။ နှုတ်ဆက်ပါတယ်၊ ကျွန်မ ရှင့်ကို လိုက်မပို့တော့ဘူး။"

ဤကဲ့သို့သောလူမျိုးနှင့် ရင်ဆိုင်ရလျှင် စစ်ယွီမှာ ယဉ်ကျေးမနေနိုင်ပေ။ သို့သော် သူမအား နောင်တရစေသည့်အရာတစ်ခုမှာ သွမ့်ရူလန်၏ကံသည် အလွန်ကောင်းနေခြင်းပင်ဖြစ်၏။ ဘာပဲပြောပြော မန်ဟွာထဲမှာ သွမ့်ရူလန်က ကျီလင်းရဲ့ အမေပဲလေ။ အမျိုးသမီးဇာတ်ပို့က ရူးသွပ်စွာ လက်စားချေဖို့လုပ်တော့ သွမ့်ရူလန်သည် မှန်သောဘက်မှ ရပ်တည်ခဲ့ပြီး သူမသမီးအရင်းအား ဆန့်ကျင်ခဲ့‌သည်။ ထို့နောက် သူမသည် တစ်ဘဝလုံး ချမ်းချမ်းသာသာ နေသွားခဲ့ရလေသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now