Part-1

3.6K 266 38
                                    

မိုးများရွာသွန်းထားမှု့ကြောင့်
ကျောင်းဝင်း တစ်ခုလုံးစိမ်းစိုလျက်...
ပထမဦးဆုံး ကျောင်းစတက်သည့်ရက်မှာပင်...
ဖေဖေက အလုပ်ကိစ္စနဲ့ အစောကြီး
အပြင်ထွက်သွားသည်....

မိုးသည်းတာကလည်း မရပ်....
ကျောင်းတက်ချိန်ကလည်း နီးနေပြီမို့....
ထီးလေး တစ်ချောင်းနှင့်....ထမီ မ ကာ...
ကျောင်း သို့ လှမ်းလာရတော့သည်......

'နဝမတန်း (A2)'
ထိုအခန်းက မြတ်ရဲ့ အခန်း....
သို့ပေမဲ့....ကျောင်းတက်သွားပြီမို့...
အခန်းထဲက...အတန်းပိုင်ဟု ထင်ရသော ဆရာမမှာ...
မြတ် ဝင်ခွင့် တောင်းသည်ကို...
အင် မလုပ် အမ်း မလုပ် ဖြစ်နေသောကြောင့်...
‌‌မျက်စိ ပေကလပ်...ပေကလပ်နှင့်...
ယောင်ချာချာဖြစ်နေသည်....

"ဟေ့...ဟိုကလေးမ "

"ဟုတ်..."

"အတန်းထဲ ဝင်ခဲ့.."

"ဟုတ်ကဲ့.."

မြတ် ရဲ့ ၈တန်းတည်းကအတန်းဖော် ဖြစ်သော
လင်းပိုင်နှင့် စာကလေးတို့ဆီ ခြေဦးတည်လိုက်သည်
လင်းပိုင်နှင့် စာကလေး တို့မှာ လူ စင်စစ်များပင်...
လင်းပိုင်သော် နှင့် စာကလေးကဲ့သို့...
အရမ်းပွစိ ပွစိ လုပ်သော ထက်ဝတီတို့ ဖြစ်သည်...

"ကျောင်းနောက်ကျတဲ့ ကလေး....
မိုး‌ရေ စိုခဲ့တာလား...."

မိုးစက်ကလေးများ သွပ်ပေါ်သို့ တဖြောက်ဖြောက်ကျလာသော အသံများကြောင့်...တီချယ့်အသံကို
ရှင်းရှင်းလင်းလင်း မကြားရပေ....
ထို့ကြောင့် မြတ် အတွက် အမှု့မဲ့ အမှတ်မဲ့ သတိ မမူ
လိုက်မိပေ....

"ဗုန်းးး‌ဗုန်းးးး"

အားအကုန်သုံးပြီး....ကွန်ပါဗူးကို စာပွဲပေါ် ရိုက်ချကာ
မြတ် ဆီသို့ ဦးတည်လာသော တီချယ့်ကြောင့်....
မြတ် လန့်သွားသည်....

"တီချယ် ပြောလိုက်တာ...
မင်း မကြားဘူးလား...."

"ဟုတ်...မ...မကြားမိလို့ပါ တီချယ်...
သ...သမီးကို ပြောမှန်း...မ...မသိလိုက်လို့ပါ..."

"ထားပါတော့....
မင်း ထမီတွေ အရမ်းစိုနေတယ်....
ကြာရင် ဖျားလိမ့်မယ်...နားနေခန်းမှာ...
တီချယ့် သေတ္တာလေး ရှိတယ်...
အဲ့ထဲမယ် တီချယ့်ထမီ ရှိတယ် သွားလဲလိုက်...."

အချစ်ဦး တီချယ်Where stories live. Discover now