Part-13

2.5K 192 28
                                    

"ဒေါက်တာ ဒီကလေးကို တကိုယ်လုံး ဓာတ်မှန်ရိုက်ပြီး သွေးစစ်ပေးပါ..."

"တီချယ် လိုလို့လား အဲ့လောက်ထိ..."

"လူကြီးတွေ စကားပြောနေတယ်လေ...."

"ကလေးနမ်းတာထပ်လိုချင်လို့လား
လူကြီးက...."

"What!! ဆောတီးပါ...ဒေါက်တာ...
ကျွန်မ တပည့်ကလေ...ခေါင်းထိပြီးကတည်းက
အဲ့လို..ပေါက်ကရတွေ လျှောက်ပြောနေတတ်လို့..."

"ဟုတ်..."

"သူများကပဲ လျှောက်ပြောရတာ ရှိသေး....
လျှောက်ပြောတာဆို‌တော့လည်း  အတည်ဆိုတာ
ဘယ်လိုလဲ ညကျမှ ပြရမှာပေါ့...."

"ဒေါက်တာ...ကျွန်မ‌တို့ စကား အေးဆေး ပြောလို့ရတယ်မလား...အဲ့ကလေးကို...စိတ်ကျန်းမာရေး အခန်းမှာ..တစ်ချက်ထိန်းသိမ်းထားပေးရင် ပိုကောင်းမယ်..."

"ကောင်းပါပြီ...nurseတစ်ယောက်လောက်...
လူနာကို ပြင်ပက စိတ္တ‌ဇ အခန်းမှာ ခဏ ချုပ်ပေးပါ.."

"ဟိတ်..ဟာ...အဒေါ်ကြီးတို့...နေအုံးလေ....
ဟာ...ဇွတ်နော်...တီချယ်...ပြောအုံးလေ...
မြတ်က ဖြစ်ရပ်‌မှန်တွေပြောတာလေ..."

"လူနာမရှိတော့ပါဘူး...ဆက်ပြောပါ အမ...
ဟင်...အမ ဘာလို့ မျက်ရည်ကျတာလဲ...
ကျွန်တော် ဘာမှ မလုပ်ရသေးဘူးနော်..."

"ကျွန်မကလေးကို...အနာတရ ဖြစ်သွားအောင် လုပ်မိပြီလား မသိဘူး....ပြန်ခေါ်ပေးပါ....
ပြန်ခေါ်ပေးပါ..."

"ဝေ....nurseရေ...ခဏက တယောက်ကို အပြင်ထုတ်ပြီး...ဒီ တယောက်ကိုပါ တစ်ခါတည်း အပြင်လိုက်ပို့ပေးပါ....ဘယ်လို အရူး ဇနီး မယားနဲ့ လာ
တွေ့နေသလဲ မသိပါဘူး....."

"၂ယောက်လုံး မရူးဘူး ရှင်ကသာ ရူးနေတာ...
သွားမယ်...နောက် ဆေးရုံ တစ်ခုမှာပြမယ်...
လာ...ကလေး..."

"ဟုတ်...."

Physics ဆရာမ မို့.... newton လိုပဲ....
တီချယ်လည်း နားလည်ရခက်ပါတယ်....

"မြတ်...လာလေ..."

"‌တီချယ်ပဲ ဒီဆေးခန်းကောင်းတယ်ဆို...."

"မင်းက ငိုတာ‌ကိုး...မြတ် မင်း မျက်ရည်က...
တီချယ့်ကြောင့်ကျတာမလား..."

"ဟအင်း...မျက်ရည်လား မကျပါဘူး...
ဟီး တမင်ငိုဟန်ဆောင် လိုက်တာ..."

အချစ်ဦး တီချယ်Where stories live. Discover now