Part-11

2.9K 226 44
                                    

"မြတ်...ဘယ်နှယ့် ၅တန်းကလေးတွေနဲ့ သွားကစားနေတာတုန်း..."

"ဟင်..တီချယ်ကလည်း မြတ်က ကိုယ့်အတန်းဖော်နဲ့ ကိုယ် မကစားလို့...၉တန်း ၁၀ တန်းက အကိုကြီးတွေနဲ့ လင်မယား လုပ်တန်းသွားကစားရမှာလားလို့...."

"အော်...ဒီကလေးမ...
ဘာတွေ လျှောက်ပြောနေတာလဲ...
ကလေးတွေ ကိုယ့် ဘာသာကိုယ်က‌စားကြနော်...
‌မင်းတို့ အမက..နည်းနည်း ချောင်နေလို့...
လာသွားမယ်..."

"ဘာ ချောင်တာလဲ...တီချယ်နော်...
မသွားဘူး...ကစားချင်တယ်..ကစားချင်တယ်..."

"လာပါ...တီချယ့်သမီးက လိမ်မာတယ်...
တီချယ်နဲ့ အတူတူ ကစားမယ်..."

"လင်မယားလုပ်တန်းနော်..."

"အော်...ဟယ်...
ညည်း ပါးစပ်ပေါက်လေး ပိတ်ပြီးလိုက်လာတော့...
ကစားမယ်ဆို ကစားမယ်ပေါ့...
အတော့်ကို ရှည်တယ်...."

"ဟုတ်..."

တီချယ်ကလေ...လိမ်တယ်...
အတူတူ ကစားမယ်ဆိုပြီး...ဒေါက်တာ့ဆီ ပို့တယ်...

"ဒေါက်တာ ကျွန်မတပည့် အခုတလော
ရူးကြောင်ကြောင်ဖြစ်နေလို့"

"တီချယ်နော်...ဘေဘီ ဘာမှ မဖြစ်ပါဘူးဆိုနေ..."

"‌ဘေဘီ တိတ်တိတ်နေ...ကိုယ်ဒီမှာ...
ဒေါက်တာနဲ့ စကားပြောနေတယ်လေ..."

"ဟုတ်..."

"ဒေါက်တာ လုပ်ပါအုံး နေ့ခင်းဘက် စာကျက်ခိုင်းထားတာကို ကလေးတွေနဲ့သွားကစားနေတယ် ဒေါက်တာရယ်"

"သူ့ပုံကြည့်ရတာ အကောင်းပါပဲ ဆရာမရဲ့..."

"တီချယ်‌ တီချယ်..."

"ဘေဘီ...တီချယ် ပြောထားတယ်လေ...
ပါးစပ်ကလေး တစ်‌ချက်လောက်ပိတ်ထားပေးပါဆိုနေ...."

"ရေဆာလို့ပါဆိုနေ..."

"ခဏက‌ပဲ ရေသန့်ဗူး ဝယ်ထားပေးတယ်လေ...
လက်ထဲမှာ ရေသန့်ဗူးကိုင်ပြီး ရေဆာ‌တယ်လို့..
ထိုင်အော်နေတယ်..."

"အော်...ဟုတ်သားပဲ...ဟီးဟီး...
မေ့သွားလို့ တီချယ်..."

"ဟင်းး!!ဟင်း!!
ဒေါက်တာရယ်...အဲ့တာပဲ ကြည့်ပါတော့...
ကျွန်မ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးပါတယ်...
ခေါင်းထိရင် အတိတ်မေ့တာပဲ ကြားဖူးတယ်...
သူ့ခလှည့်ကျမှ အဆန်းပါလား ဒေါက်တာရယ်...
ကလေးက ၁၀ တန်း ဆိုတော့...စိတ်ပူမိတယ်...
တစ်ခုခု အကြံပေးပါအုံး ဒေါက်တာ..."

အချစ်ဦး တီချယ်Donde viven las historias. Descúbrelo ahora