"လူတွေ အရမ်း တိုးတာပဲကွယ်..."
"တီချယ် အဆင်ပြေရဲ့လား..."
"ပြေတော့ ပြေပါတယ်...
ဒါပေမဲ့...တီချယ် လူများရင် မနေတတ်ဘူးကွယ်...
အသက်ရှူ အရမ်းကြပ်တယ်""ဟုတ်...သမီး လူ နည်းတဲ့ နေရာကို ခေါ်သွားပေးမယ်နော် တီချယ်.."
"အေးကွယ်..."
"တီချယ်...တီချယ်...
ဟော...တီချယ်...""အင်း... မြန်မြန် ခေါ်သွား ပေးပါ...."
"ဟုတ် တီချယ်...သမီး ကုန်းပိုးသွားမယ်နော်..."
"မြင်မကောင်းဘူး မလုပ်ပါနဲ့ သမီးရဲ့...."
"ဘာမှ မဖြစ်ဘူး..."
"စေမှန်!!"
"အာ...တီချယ်...ငြိမ်ငြိမ်နေပါ...
ဟိုနားမှာ ဓမ္မာရုံ ရောက်တော့မယ်..."လူအုပ်ကြားမှာ...
ကိုယ့် အာရုံနဲ့ ကိုယ်မို့..
မည်သူမှ သတိ မမူမိ...တီချယ့်ရဲ့
ခြေလှမ်းယိုင်နဲ့နဲ့နှင့်ဆိုလျှင် ဒီတသက်...ဓမ္မာရုံကြီး ဆီသို့ ရောက်မည် မထင်...
ထို့ကြောင့်...ကုန်းပိုးလိုက်တော့သည်....
တီချယ်သည်...ဝသည်လည်း မဟုတ်...
ကိုယ်လုံး တောင့်တင်း၏....
အရိုးရှည်သော လူမျိုးပင်...။
မနိုင်မနင်းဖြစ်သော်လည်း...တီချယ့် အတွက်ဆို...
ဘယ်အရာ မဆို လုပ်ပေးနိုင်ရမည်ဟု...
မြတ်မှတ်ယူထား၏...."တီချယ် သက်သာရဲ့လား...
အသက်ရှူလို့ ရပြီလား....""ဟင့်...ဟင့်...ဖျပ်...ဖျပ်.."
"အာ...အာ...တီချယ်...အယ်...
နာတယ်လေ...""ဘယ်သူက ကုန်းပိုးခိုင်းလို့လဲ...."
"သမီး ပိုးချင်လို့ ပိုးတာလေ..."
"ပိုးချင်တိုင်းပိုးစရာလား...
ငယ်ငယ်လေး ရှိသေးတယ်...ခါးတွေ ဘာတွေ နာကုန်မှာပေါ့....တကယ်...ဆိုးလိုက်တာ...
ပြောစကားလည်း နားမထောင်ဘူး...""ဟော...တီချယ် အသက်ရှူ ရပ်ပြီး အဲ့မှာပဲ
သေသွားရင် ဘယ်လို လုပ်မလဲ....""ကိုယ့် ဆရာမကို သေတဲ့ အထိ
အရောက်ပို့စရာလား ကလေးစုတ်ရဲ့...""တီချယ်ကလည်း သမီးကရှင်းပြတာလေ..."
"ဟင်းး..ဟင်း....စေမှန်...စေမှန်...
ရှင်နဲ့တော့လေ...မပြောချင်တော့ဘူး အရမ်းမောတယ်...."
YOU ARE READING
အချစ်ဦး တီချယ်
Romanceအဖြူအစိမ်းနယ်မြေမှာပဲ.... အချစ်ဦးကို...စတွေ့ကြစမြဲပါ.... သို့ပေမဲ့... မြတ် ချစ်မိခဲ့တဲ့...အချစ်ဦးက...တီချယ်တဲ့လေ...