Part-3

2.9K 235 47
                                    

"အတန်းထဲက ဘုရားပန်းဘယ်သူလဲထားတာလဲ..."

"ဘုရင့်နောင် အသင်းခေါင်းဆောင်လဲထားတာ ဆရာမ..."

"ဘယ်သူလဲ..."

"ဟို...သ..သမီးပါ..."

"အော်...မြတ် မင်းပဲကိုး...
တကယ် နမော် နမဲ့နော်...
ဘေစင်ကို တစ်ချက်သွားကြည့်စမ်း....
အရွက်တွေနဲ့...ရေပေါက်တောင် ပိတ်နေတာ...မတွေ့ဘူးလား..."

"ဟုတ်...တွေ့ပါတယ်..."

"အဲ့တာ ဘာလို့ သန့်ရှင်းအောင် ပြန်မလုပ်ခဲ့တာလဲ..."

"ဟို...လုပ်မယ်ဆိုပြီး....မေ့..သွားလို့ပါ..."

"မေ့..မေ့...
အကုန်လုံးကို မေ့နေလိုက်...
တစ်ခါတည်းပြောမယ်နော်...
တီချယ်လေ...အလုပ်တစ်ခုကို လုပ်ရင်...
ပြီးအောင် အဆုံးထိ လုပ်တာပဲ သဘောကျတယ်...
နောက်က နောက်တယောက် လိုက်လုပ်ပေးရတဲ့ အလုပ်မျိုး လုံးဝ မကြိုက်ဘူးနော်....
သန့်သန့်ရှင်းရှင်းနဲ့ လုပ်ရင် ပိုတောင် ကြိုက်တယ်...
သဘောပေါက်လား..."

"ဟုတ်ကဲ့ ပေါက်ပါတယ်...."

"ဘာပေါက်တာလဲ...မြတ်...မင်းက အမြဲပေါက်နေတာပဲ....ငါပြောတဲ့ စကားတွေ မင်းနားထဲမှာ
အကုန်ပေါက် ပေါက် ကုန်တာဟုတ်လား..."

"မဟုတ်ပါဘူး...တကယ် သဘောပေါက်တာပါ တီချယ်...."

"အိုကေ ကောင်းပြီ နောက် မဖြစ်စေနဲ့...."

"‌ဟုတ်..."

မြတ် အရမ်း သဘောကျတဲ့ အရာတော့ တီချယ် ဘယ်သိမလဲနော်...
မြတ် အရမ်း သဘောကျတာက တီချယ့်ရဲ့...

"အိုကေ...ကောင်းပြီ..."
ဆိုတဲ့ စကားလေးပေါ့...

တီချယ် အဲ့စကားလေးပြောလိုက်တိုင်း
ရင်ထဲ စွဲလန်းသွားစေတယ်....အရမ်းချစ်ဖို့ကောင်းတယ်....သေချာပါသည်....
မြတ် နှလုံးသားထဲ တီချယ် တဖြည်းဖြည်းနဲ့ ‌
နယ်ချဲ့လို့နေပါပြီ.....

"တီချယ်..."

"ပြော‌စေ....."

"ဟီး...တီချယ့်အတွက်..."

"ဘာကြီးလဲ..."

"ဟို တီချယ် အချဉ်ပေါင်းကြိုက်တယ်ဆိုလို့လေ...
သရက်သီးချိုချဉ်စပ်..."

အချစ်ဦး တီချယ်Where stories live. Discover now