Part-20

2.4K 200 15
                                    

ပါလာတဲ့ မောင်းကွင်း လက်စွပ်လေးကို...
အရင်းအနှီး ဖြစ်စေဖို့ငှာ...ထုခွဲရောင်းချဖြစ်သည်...
တီချယ်သာ သိလျှင်တော့ မိုးမီးလောင်မှာအမှန်။

Online shopping လုပ်မည်သာ ကြံသည်...
သို့သော်လည်း မိတ်ဖွဲ့များဖို့...စကားပြောတတ်ဖို့ကလည်း...မရှိမဖြစ်လိုအပ်သော အရည်အချင်း
မဟုတ်ပေလား...မြတ်မှာတော့ ရိုက်ပေါက်....
တီချယ်နဲ့သာ တီတီတာတာပလီပလာပြောတတ်ပေမဲ့
အများနှင့်ဆို နင်ဘာလဲ ငါဘာလဲ....ဆိုသည့်ပုံစံပင်

"မောင်!"

"ဗျာ....တိုးတိုးသာသာ ခေါ်လည်း ရသားကို
တီချယ်ရယ်...."

"ကျွန်မခေါ်နေတာ...‌ကျောင်းကားပေါ်က ဆင်းလာကတည်းက....တမောင်မောင်နဲ့ခေါ်လာတာ....
ကိုယ့်မိန်းမ ကျောင်းက ပြန်ရောက်လာရင်...
အိမ်ရှေ့ပေါက်ဝလေးမှာ လာကြိုမယ်ကို မရှိဘူး"

"တီချယ်ရယ်....မောင့်မလည်း...အတွေးများလွန်းလို့ပါ"

"ဘာအတွေးများ...."

"ရွာမှာ ဘယ်လို အခြေနေတွေ ရှိမလဲလို့လေ..."

"အေးနော် အခုချိန်လောက်ဆို တစ်ရွာလုံးက
တီချယ့်ကို အမြင်စောင်းကြတော့မှာ...
ဟူး...."

"လူတွေက ဒီလိုပဲပေါ့ တီချယ်ရယ်...
အမှားတစ်ခု အမှန်တစ်ရာ ဖြစ်နေပါစေလေ...
သူတို့က အမှားကိုပဲ ဝသီမှာစွဲကြတာ....
ဘာမှ စိတ်မကောင်း မဖြစ်နဲ့နော် တီချယ်...
မောင်တို့ ပျော်ရွှင်ဖို့က ပိုအရေးကြီးပါတယ်လေနော်
မောင်တို့အခု လို လုပ်ခဲ့လို့ ဘယ်သူမှ မထိခိုက်ဘူးလေ...အဲ့တော့ မောင်တို့ နောင်တရ စရာ အကြောင်းကို မရှိဘူး..."

"ကြည့်ပါအုံး တီချယ့်ကလေးလေးက...
ရင့်ကျက်ပြီး လူကြီးဆန်လာလိုက်တာ...
အမယ်...တီချယ်ရော...မင်းကို ရွေးချယ်ခဲ့လို့
နောင်တရတဲ့ ရုပ်များ ပေါက်နေလို့လား..."

"အွန်း...ပေါက်နေတယ်..."

"ပေါက် မပေါက် ညကျမှ အခန်းထဲမှာ ပြမယ်"

"တကယ်ပြမှာလားတီချယ်..‌"

"တော်စမ်းပါ...နှာဗူးရဲ့...
ရှင့်ရဲ့ဇာတာထဲက ရက်နဲ့တွက်ရင်...
အသက်ကမပြည့်သေးပဲနဲ့...နှာက နီချင်သေး..."

အချစ်ဦး တီချယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ