Part-5

2.7K 232 30
                                    

"ခန့် နေကောင်းသွားပြီလား"

"ကောင်းသွားပြီ မမရွှေ
ခန့် ခွင့်ယူတုန်း အတန်းကို တာဝန်ယူထားပေးလို့ကျေးဇူးပါနော်"

"ရပါတယ် ခန့်ရယ်
တို့တွေက အဖြူအစိမ်းဝန်ထမ်းတွေဆိုတော့
မေတ္တာ ဂရုဏာပဲ အရေးကြီးတာပါ"

"ဟုတ်ပါတယ် မမရွှေရယ်
မမရွှေကလေ ပြောလို့ ပြောတာ မဟုတ်ဘူး
ခန့်တို့ထက် အများကြီး ဝါရင့်တယ်
ကလေးတွေလည်း ချစ်ကြောက်ရိုသေကြတယ် စံပြတယောက်ပါပဲ"

"စံပြတယောက်ပါပဲ လုပ်မနေနဲ့
ခန့်တပည့် မြတ်လေ"

"အဲ့ကလေး ဘာဖြစ်လို့လဲ"

"တို့အချိန်မှာ မင်းဆီ ခိုးသွားလို့...
ကျောင်းစောင့်ပြောလို့သိတာ"

"အဲ့တာ မမရွှေအချိန်လား
အဲ့ကလေးက ခေါင်းသိပ်မာတာပဲ
ခန့်တောင် လာလို့ ဆူလိုက်သေးတယ်
မြန်မြန် ပြန်လွှတ်လိုက်တာ ဒါတောင်ရစ်နေသေးတယ်"

"အေးကွယ် သူ့ကိုကြည့်ရတာ ခန့်ကိုတော့
သံဃောဇဉ်အတော်ရှိရှာပါတယ်
ဒါပေမဲ့ အတန်းဝင်တဲ့ ဆရာမကို
မလေးစားတတ်မှာ စိုးလို့
တို့သူ့ကိုအဲ့နေ့က အပြစ်ပေးလိုက်သေးတယ်"

"ဟုတ်လား မမရွှေ
ဧကန်န ခြေသလုံးကို ရိုက်လိုက်တာများလား"

"သူပြန်တိုင်လို့လား"

"သူတော့ မပြောပါဘူး
အဲ့ကလေး ကျောင်းလွှတ်တော့ ညနေပြန်လာသေးတယ် ခြေထောက်က ‌မြောက်ကြွ မြောက်ကြွနဲ့မို့ ပြုတ်ကျတယ်ပဲ ထင်ထားတာ"

"မဟုတ်ဘူးခန့်ရေ...
အဲ့တာ မမရွှေ အားပါသွားလို့...အဲ့လောက်
စာသင်ခန်းနဲ့ အဆောင်နဲ့ဝေးတာကို
ခြေတအားရှည်လို့ နောက် မသွားရဲအောင်
အချက်၂၀လောက် lesson ပေးလိုက်တာ"

"တော်တော် အီသွားတဲ့ပုံပဲ
နောက်လည်း များများတီးပေးပါနော် မမရွှေ
အခန်းထဲက မျောက်တွေက မမရွှေ ကြိမ်ကိုပဲ
ဘုရားထင်ကြတဲ့ဟာတွေ"

"ဒီလိုပါပဲ ခန့်ရယ်
ကလေးသဘာဝကတော့..ဒီအတိုင်းချည်းပါပဲ"

"ခန့် အတန်းဝင်တော့မယ်နော် မမရွှေ
အတန်းတရက်ပျက်ထားတော့ စာက ပိုသင်ဖို့ အချိန်လုရအုံးမယ်"

အချစ်ဦး တီချယ်Kde žijí příběhy. Začni objevovat