Part-6

2.6K 221 29
                                    

"တီချယ်...ကျောင်းတောင် ပိတ်တော့မယ်နော်....
တီချယ့်အိမ် တီချယ် ပြန်မှာ လားဟင်...."

"ပြန်ရမှာပေါ့ကွယ်...ပေးမပြန်ပဲ....
မြတ်အိမ်မှာ...တင်ကျွေးထားမလို့လား...."

"တီချယ့်ကိုလား...တသက်လုံး ခေါ်ထားချင်တာ....
တီချယ်သာနေရင်လေ....သမီးပဲ...ရှာကျွေးမှာ..."

"အမယ်...ဘာကို ရှာကျွေးမှာလဲ...
10တန်းတောင် မအောင်သေးဘဲနဲ့....
ကျွန်မ လုပ်စာ ထိုင်စားမဲ့ ရုပ်ကြီးကများ...."

"ဟော...တီချယ်နော်...အထင်သေးလှချည်လား...
အုတ်သယ်မယ်....ပန်းရံလုပ်မယ်...
တီချယ်က အိမ်မှာ အေးဆေး စတိုးဆိုင်ဖွင့်ပေါ့..."

"ဟယ်...အုတ်သယ်ပြီး..ပန်းရံလုပ်စရာလား...
အဲ့စကား ပြန်ပြင်နော်...တီချယ် မကြိုက်ဘူး....
အင်ဂျင်နီယာ လုပ်မယ်လို့ပြော....."

"ဟအင်း...ဟအင်း...တီချယ့်ကိုပဲ လုပ်မှာ..."

"ဘာ!ပြော!လိုက်တာ...."

"အော်...တီချယ်နဲ့ အတူတူ ဆရာမပဲလုပ်မှာလို့...."

"သိနေတယ်...သိနေတယ်...ကျွန်မက ဆရာမပါနော်..
ပါးစပ်ဟ လိုက်တာနဲ့ ရှင့်ဗိုက်ထဲမှာ အူ ဘယ်နှခွေ ဘယ်လို လိမ်ပြီး ရှိနေလဲဆို တာ သိပြီး သား"

"ဟီးဟီး တီချယ်ကလည်း ချစ်လို့ စတာပါ...."

"မပြောချင်ဘူး...."

"တီချယ်နဲ့ မြို့လိုက်လည်မယ်လေ...
ခေါ်မလားဟင်...."

"မခေါ်ဘူး...."

"တီချယ်ကလည်း စိတ်ပုတ်လိုက်တာနော်..."

"စိတ်ပုတ်တာ မဟုတ်ဘူး....
ရှင်က ဒီကျောင်းကြီး ပိတ်ရင် ၁၀ တန်းရောက်ပြီလေ
စာ မှ စာ ဖြစ်နေရတော့မှာ..."

"အနားယူရအုံးမယ်လေ တီချယ်ရဲ့...."

"မနားရဘူး...၉တန်း စာမေးပွဲပြီးတာနဲ့ ၃ရက်လောက်နေပြီးရင်...မြန်မာစာ ခက်ဆစ်တွေကြိုကျက်တော့...
တီချယ်တို့ကျောင်း နောက်နှစ် ၆ဘာသာဂုဏ်ထူးရှင်
ပေါ်ကို ပေါ်လာရမယ်.....သမီးကို တီချယ်ယုံတယ်..."

"တီချယ်ကလည်း...သမီးက...အဲ့လောက်မှ ဉာဏ်မကောင်း....."

"ရှုး....ဉာဏ်ကောင်းတာ မကောင်းတာနဲ့ မဆိုင်ဘူး...
တီချယ် သမီးကို ယုံတယ်..၆ဘာသာ ရရင် သမီးလိုချင်တဲ့ အဖြေကိုပေးမယ်...
ယူမှာလား မယူဘူးလား...."

အချစ်ဦး တီချယ်Where stories live. Discover now