Part-21

2.8K 216 15
                                    

"တီချယ့်အကြောင်းပြောပြ..."

"အကုန်သိနေပြီပဲကို ဘာပြောပြရမလဲ.."

"ဟုတ်သားနော် တီချယ့်အကြောင်းတွေက ရိုးရှင်းတယ်"

"ဟီးဟီး...အဲ့တာဆို မောင့် အကြောင်းနားထောင်"

"လေပေါလေး‌ရယ်...မနက်ကျရင် ကျောင်းသွားရအုံးမှာနော်"

"စနေနေ့လေ တီချယ်ကလည်း..."

"ဟုတ်သားပဲ တီချယ် မေ့နေတာ...
အဲ့တာဆို စကားလေးဆက်ပြော..."

"မောင့် အကြောင်းပြောပြ‌မယ်နော် တီချယ်"

"ပြောပြပါရှင်..."

"ရိုးရိုးတော့မပြောချင်ဘူး...တီချယ့်လက်မောင်းပေါ်မှာ အိပ်ပြီး ပြောချင်တယ်"

"လာခဲ့...ဒီနားတိုး.."

"တီချယ်ကလေ ချစ်စရာလေး..."

"ရှင့်အကြောင်းပြောပါဆိုမှ..."

"ပြောပြမယ် ပြောပြမယ်..
မောင့်ဘဝက တီချယ့်လို မရိုးရှင်းဘူး...
အရမ်းရှုပ်တာ...
မောင့်ရဲ့လက်ရှိ အမေက မောင့်ရဲ့ မိထွေးဆိုတာ တီချယ်သိလား"

"ဟအင်း...ဟုတ်လို့လား..."

"ဟုတ်တယ် တီချယ်ရဲ့.."

"မိထွေးဆိုပေမဲ့လည်း သမီးအပေါ်ချစ်ရှာပါတယ်"

"အဲ့တာလည်း ဟုတ်တယ် မောင့်ကိုချစ်ရှာတယ်"

"မောင့်မှာလေ...အမအရင်းတယောက်လည်း ရှိတယ်...
မောင့်မေမေက အစာအိမ်ရောဂါနဲ့
မောင့်ကိုမွေးပြီး ၇လကျော်မှာ ဆုံးသွားတာ...အဖေက ဗေဒင်ယုံတယ် တီချယ်ရဲ့
ဗေဒင်ဆရာက မောင့်ကို ဂြိုလ်ဆိုးတဲ့.."

"အဲ့တော့ အဖေက မောင့်ကို အမြင်မ‌ကြည်ဘူးလား"

"သေချာတာပေါ့ လုံးဝ အမြင်မကြည်ဘူး..တခါတလေ ထမင်း မကျွေးတဲ့ရက်တွေတောင်ရှိခဲ့တယ်..."

"ကလေးငယ်လေးရယ်..."

ခန့်နားလည်သွားပါပြီ...
ကလေးငယ်လေးဘာကြောင့် စိတ်ဝေဒနာ
ဖြစ်ရသလဲ..ဆိုတဲ့ အကြောင်းအရင်းက..
ဒီအချက်ကိုး...

"ဒါဖြင့် မောင့်အမကရော..
အခုသူ ဘယ်မှာလဲ.."

"မြေကြီးထဲမှာ.."

အချစ်ဦး တီချယ်Where stories live. Discover now