Part-7

2.5K 211 16
                                    

"ဝါး....ဝိုး......"

အံ့ဩသံတို့ ပေါင်းစုံနှင့် မြတ်....
တီချယ့်အိမ်နှင့် နန်းတော် မှားများ
မှားနေသလား....
Security ပေါင်းစုံနှင့် ....
အလွန်ခေတ်မှီသည့်နန်းတော်ပမာ....
ကားပေါင်း များစွာကလည်း....အရောင်စုံလင်စွာ....

"တီချယ်..."

"ပြော...စိတ်ဆိုးပြေပြီလား..."

"မပြေသေးပါဘူး...
မေးစရာရှိလို့...ဒါ တီချယ့်အိမ်လားဟင်..."

"မဟုတ်ဘူး...တီချယ့် အမေအိမ်..."

"တီချယ့်အမေအိမ်က တီချယ်လည်း ပိုင်တာ မလား.."

"မပိုင်ပါဘူး...မေမေပဲပိုင်တာ..."

"ပြီးရော..."

တီချယ့်မေမေတဲ့လေ....
ဇရာနှောင်းပေမဲ့လည်း.....
တောက်ပြောင်လှပနေဆဲပါပဲ....
အံ့ဩစရာတော့ မရှိပါလေ.....
ရွှေ‌မင်းသမီးလေး ၂ ယောက်ကို တောင် မွေးထုတ်ပေးတဲ့ မိခင်ဆိုတော့ .....လှမှာပေါ့....

"အိ ပြန်ရောက်ပြီ မေမေ..."

"လာပြီ...လာပြီ...."

တုန်တုန် ချိချိနှင့်....မေတ္တာမျက်ရည်များကျကာ...
ပြေးဖက်လိုက်သည်....

"အိရေ...မေမေ သိပ်လွမ်းနေတာ....
မေမေ့ကိုပစ်ထားရက်တယ်နော်"တဲ့....

ဟုတ်တာပေါ့...တီလေးတို့ နိုင်ငံခြားထွက်သွားတာ..
၁၀ နှစ် ကျော်ပြီပဲ....‌
"မေမေရယ်...အိ အခု အပြီးပြန်လာတာ...
သီတာနဲ့ ဒီမှာ ပဲ ပိုးထည် တိုက်လေး....အတူတူထောင်ပြီး...စီးပွားရေးလုပ်တော့မလို့...."

"မမကလည်း....စီးပွားရေး လုပ်စရာ မလိုပါဘူး...
အပင်ပန်း မခံပါနဲ့တော့လား...."

"အမယ်...ခန့်...
မင်းကျ...‌မလုပ်တာ ကျနေရော...
ဒီ စည်းစိမ်က  တို့တွေ တသက်စာ ထိုင်စားလို့ရအောင်...ဖေဖေက ရှာသွားတယ်လေ...
အိမ်မှာ အေးဆေးနေပါ့လား...."

"ခန့်က ဆရာမ အလုပ် ဝါသနာပါတာကို..."

"တို့လည်း အဲ့လို့ပဲ....စီးပွားရေးဝါသနာပါလို့..
အိမ်မှာချည်း ငြိမ်မနေနိုင်ပါဘူး...."

"အာ့ဆိုလည်း လုပ်...လုပ်...."

"လုပ်မယ်...လုပ်မယ် အခုတော့ သီတာ အတွက်...
ရန်ကုန်မှာ မြေကွက်သွားရှာပေးလိုက်အုံးမယ်...
မေမေ..."

အချစ်ဦး တီချယ်Where stories live. Discover now