Part-9

2.4K 210 31
                                    

"မြတ်...စာတွေသေသေချာချာလုပ်အုံးနော်...
ကျောင်းဖွင့်မှ တွေ့မယ်...."

"ပြန်တောင် မပြန်ချင်တော့ဘူး တီချယ်ရယ်...."

"ကျွန်မတော့..ရှင့်ကို ခေါ် မကျွေးထားနိုင်ဘူးနော်...
ပြန်စရာရှိပြန်..."

"‌အပျိုကြီးကလည်း ကပ်စီးနည်းလိုက်တာ...
အလွမ်းသယ်တာတောင် ကောင်းကောင်းသယ်မရဘူး ....ပြန်မှာပါ ပြန်မှာပါ...ဘိုင့်ဘိုင်...
အော်...တီချယ်ရေ...သမီး အိမ်ပြန်ရောက်ရင် ဖုန်းလည်း မဆက်နဲ့
စာလည်း မပို့နဲ့နော်...လွမ်းနေရင်လည်း မလိုက်လာနဲ့"

"အားအားယားယား...
တို့ ဘယ်တုန်းက ပေါကြောင်ကြောင် လုပ်ဖူးလို့လဲ"

"မလုပ်မှန်းသိတယ်...သိလို့ပဲ ရွဲ့ပြီး ပြောတာ..."

"အမ်း...မယ်မင်းကြီးမ...ဆရာမကိုနော်...တစ်ခွန်း မကျန်နဲ့ အလိုလိုက်တော့ ခေါင်းပေါ်တက်ချင်နေတယ်ပေါ့"

"ဟီး...တောင်းပန်ပါတယ် တီချယ်ရယ်...
သမီးက...စ တာ...တီချယ် ဒီကျောင်းပိတ် အလုပ်ရှိလားဟင်..."

"ဟအင်း..ဘာပြောမလို့လဲ..."

"တီချယ့် သမီးလေးကို ရှာကြည့်ပါလားဟင်..."

တကယ်တော့...မြတ်စိတ်ထဲမှာ...စိုးရိမ်နေမိတာ
တစ်ခုက...တီချယ်နဲ့ မြတ်ဟာ သားအမိဖြစ်နေမှာ သိပ်စိုးရိမ်နေမိ၏....
မြတ်ဟာ...ဒီမိသားစုဝင်၏....မွေးစားသမီး ဖြစ်၏...
ဒိုင်ယာရီခိုးဖတ်ရတာ...ဝါသနာပါသော...
မြတ် အတွက်...မေမေ့ ဒိုင်ယာရီကိုလည်း...
ဖတ်ဖြစ်အောင် ဖတ်မိသေးသည်လေ...
သို့ပေမဲ့ ဘယ်အသိုက် ဘယ်ဥမှ ပေါက်ပွားလာသည်ဟူ၍တော့...မရေးသားထားချေ....

"တီချယ် ရှာကြည့်ဖို့ အစကတည်းက
စိတ်ကူးရှိပါတယ်ကွယ်...ဒါပေမဲ့ အခုတော့
မဟုတ်ဘူး...သမီး ၁၀ ‌တန်းအောင်မှ..အတူတူရှာကြမယ်လေ..."

"ဘာလို့လဲ တီချယ်ရဲ့..."

"အော်...ဟို...ဒီလိုပါပဲ...
တ‌စ်ယောက်တည်း မရှာချင်လို့..."

"ဟုတ်ပါပြီ...တီချယ့်သဘောလေနော်..
သမီး သွားတော့ မယ်နော်...
ကျန်းမာရေးဂရုစိုက် တီချယ်...
သိပ်ချစ်တယ်နော်..."

"ဟုတ်ပါပြီ မိအတတ်ကလေးရယ်..."

"ဘေဘီလေးလို့ခေါ်ပါ တီချယ်ရဲ့..."

အချစ်ဦး တီချယ်Where stories live. Discover now