Part-19

2.3K 191 22
                                    

"ဒီအိမ်လေး မဆိုးဘူးထင်တယ်နော် တီချယ်"

"အင်း...တီချယ်လည်း ဒီအိမ်ပဲ သဘောကျနေတာ..
ဈေးလည်း သင့်တင့်တယ်...
ပတ်ဝန်းကျင်ကလည်း အေးချမ်းတဲ့ ပုံပဲ..."

"တီချယ်ကြိုက်ရင်...ဒီအိမ်မှာပဲ အတူတူနေကြတာပေါ့..."

"ကောင်းပါပြီရှင်...
အကို့အိမ်ကို ကျွန်မ ဝယ်မယ်နော်"

"ဗျာ...ဒီအိမ်က ရောင်းဖို့ မဟုတ်ဘူး....
အိမ်စောင့် သဘောမျိုးပဲ လိုတာပါ...
အိမ်လခပေးစရာမလိုပါဘူး...."

"အဲ့လိုတော့ အဆင်မပြေဘူးလေရှင်...
ကျွန်မက...ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ အကျင့်ရှိလို့ပါ....ဒီလိုအိမ်မျိုး ဒီနားမှာ ရသေးလား "

"ဒီလိုအိမ်မျိုးဆိုရင်တော့....ရှိသေးတယ်...
ဒါပေမဲ့ အလှမ်းဝေးလိမ့်မယ်နော်...လူနေအိမ်လည်း
ခပ်ရှားရှားပဲ...တောင် အစွန်ဖျားမှာ တစ်လုံးရှိတယ်"

"မြတ်..မင်းသဘောရော..."

"တီချယ့်သဘောက မြတ်သဘောမို့
တီချယ် အဆင်ပြေရင် အကုန်ပြည့်စုံပါပြီ..."

"အိုကေ အဲ့တာဆို...တောင်စွန်‌ဖျားက အိမ်ပဲ
သွားကြည့်ကြတာပေါ့...."

"နေပါအုံးကွယ်...မြေးလေးတို့ရယ်..."

မြတ်သဘောကျသော အိမ်မှ...အဖွားအိုတယောက်
တုန်ချိချိနှင့် ဆင်းလာလေ၏...အလွန် အိုမင်းလွန်းသည့်ပုံပင်....

"မြေးလေးတို့ စိတ်ဓာတ်ကို..အဖွား လေးစားပါတယ်
ဒါပေမဲ့ အဖွားမှာလည်း အချိန်သိပ် မရှိတော့လိုပါကွယ်....အဖွားရဲ့ဇနီးသည် ဆုံးပြီးနောက်ပိုင်း...
ဒီအိမ်မှာ အဖွားတယောက်တည်း ကျန်ခဲ့တာ...
အခု အဖွားလည်း သက်တမ်းသိပ် မရှိတော့တာမို့..
အဖွားတို့ရဲ့ ပျော်စရာအသိုက်လေးကို...
အမွေလွှဲချင်တယ် မြေးတို့ရယ်...
သို့ပေမဲ့လည်း အဖွားမှာ သားသမီး မထွန်းကားတော့
ဒီ အမှတ်တရတွေရှိနေတဲ့ အိမ်ကို အဖွားဖြင့်
စိတ် မချဖြစ်နေရတယ်...မြေးလေးတို့ကိုကြည့်ရတာ
.....ဘယ်လို ပတ်သက်မှု့လဲ.."

"တီချယ်က မောင့်ဇနီးပါ..."

"တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်...
အဖွားထင်မိပါတယ်...မင်းတို့ရဲ့ အပြုအမူတွေက..
အဖွားတို့ငယ်ငယ်က အတိတ်ကို..ပြန်သတိရစေသလိုပါပဲကွယ်..."

အချစ်ဦး တီချယ်Where stories live. Discover now