Part-18

2.4K 207 20
                                    

"သမီးမိုက်....သာဒင်ပြောတာအမှန်တွေလား....
ဟမ်း....ပြောစမ်း..."

"ဟုတ်တယ်...သမီး တီချယ့်ကိုပဲ လက်ထပ်မှာ"

"နင့်ဆန္ဒအတိုင်း ဖြစ်မယ် ထင်နေလား...
မိဘမျက်နှာကိုမှ မထောက်...‌အမေ...
သူ့ကို အိမ်ထဲက ပေးမထွက်နဲ့...ဒီကိစ္စ
ဆရာမလေးနဲ့ ကျွန်တော် သွားရှင်းမယ်...."

"ဖေဖေ!!! တီချယ့်ကို ဘာမှ သွားပြောစရာ မလိုဘူး
ဖေဖေ သွား ပြောမယ်ဆို....ဒီဓားက...သမီးရင်ဘတ်ကို စိုက်သွားမယ်ဆိုတာ...ဖေဖေ မြင်ချင်ရင်
တီချယ့်ကို စိတ်ဒုက္ခသွားပေးလိုက်..."

"ကျစ်...နင့်အစား ငါရှက်တယ်...သိရဲ့လား..
ကိုယ့်ကိုယ် စာသင်ပေးတဲ့ ဆရာမကိုမှ ချစ်ရတယ်လို့ဟာ...."

"ဖေဖေရော...ဘာထူးလို့လဲ...
ဟမ်း....
ကိုယ့်ကျူရှင်ဆရာမကို ကိုယ်ပြန်ယူတာ...
ဖေဖေရော...ဘာကြည့်ပြီးယူတာလဲ....
အရှက်တရားတွေ ဘာတွေ...အဲ့တုန်းက ရှိခဲ့လား....
အချစ်ကို ကြည့်ပြီးယူခဲ့တာပဲ မလား...."

"ငါ့အကြောင်းထည့်ပြောစရာ မလိုဘူး...
နင်ဝင်တော့....ငါ့ရှေ့ရှိနေရင်...ငါကိုယ်တိုင်သတ်မိလိမ့်မယ်..."

"မောင်....ကိုယ့်သမီးကို...အဲ့လိုတွေ မပြောပါနဲ့လား.."

မြတ်ရဲ့လက်ရှိမိခင်မှာ မိထွေးသာဖြစ်သည်
မြတ်မှာ ငယ်စဉ်ကတည်းက အမေကဆုံးရှာသည် အဖေက Third yearဖြင့် အဖြေအနေအမျိုးမျိုးကြောင့်
ကျောင်းနားထားရသည်
မြတ်ကိုမွေးပြီး အသက်ကြီးမှသာ
ဘွဲ့ရချင်လို့ Final yearတက်ရသည်
မြတ်ရဲ့ ယခုလက်ရှိ အမေမှာ ‌အဖေ့ကျူရှင်ဆရာမဖြစ်သည်...
ဇနီးကလည်းဆုံးထားတော့ အဖော်သစ်ရှာကာ ယူလိုက်ကြသည်...
မြတ် မကျေနပ်ပါ...စိတ်ဒုက္ခများစွာရခဲ့သည်...သို့သော်လည်း မြတ်၏မိထွေး
ဒေါ်တင်မြင့်သည်
မိခင်ကောင်းတယောက်ပီသခဲ့ပေသည်...
မြတ်အဖေမှာတော့ မြတ်ဟာ ဂြိုလ်ဆိုး
လိုပင် အမြဲလိုလို ဆက်ဆံခံရသည်...
မြတ်ကြောင့် အမေသေတယ် မြတ်ကြောင့် အဖေပိုင်သော ဆန်စက် မီးလောင်တယ် မြတ်ကြောင့် အဖိုးသေတယ်
မြတ်ကြောင့် ဖြစ်ရတာတဲ့...
ဖြစ်နိုင်ပါတယ်...မြတ်မွေးတဲ့ နှစ်မှာပင်
ကံကြမ္မာဆိုးတွေက ဆက်တိုက်ဝင်လာခဲ့သည်ကိုး...
အဖေက မြတ်ကို မွေးထားချင်သည်တောင်
မဟုတ်...အမေ့နောက်ဆုံး စကားကြောင့်သာ...မြတ်ကို ကျွေးမွေးစောင့်ရှောက်ပေးနေခြင်းဖြစ်သည်....မြတ်အတွက် ပျော်ရွှင်မှု့ဆိုတာလည်း ဘယ်သော အခါမှ မရှိခဲ့ချေ
အဖေပေးသော trauma များကိုသာ...
မြတ်ရင်ထဲ ပိုက်ထားရသည်..
တီချယ်သာ မြတ်ဘဝထဲ မရောက်လာခဲ့လျှင်...မြတ် ယခုလိုပျော်နိုင်မည် မဟုတ်ပေ..

အချစ်ဦး တီချယ်Where stories live. Discover now