Part-16

2.5K 203 10
                                    

"ဘာ!!!
သေချာလို့လား မမရယ်...
နင့်ဟာက မဟုတ်လောက်ပါဘူး...
ငါ့တပည့် အကြောင်းငါသိတယ်..."

"ခန့် စိတ်လျော့‌...
စိတ်လျော့ထားလေ...
ဒီကလေးကို ခန့်ဘယ်လောက်သံဃောဇဉ်တွယ်တယ်ဆိုတာ သိပါတယ်...
ဒါပေမဲ့ ဆေးစစ်ချက်က ဒေါက်တာတွေ ကိုယ်တိုင်စစ်ထားပေးတာလေ..."

"ဟအင်း...မဖြစ်သင့်ဘူးနော်...မအိ...
ကလေးက အခုမှ ၁၀ တန်းပဲရှိသေးတာ...
သူ ရှေ့ဆက်လျှောက်ရမဲ့ ဘဝခရီးက...အဝေးကြီး
ကျန်သေးတယ်...."

"သူ့ကံနဲ့သူပေါ့...ခန့်ရယ်....
ကလေးမှာက အရင်တည်းက စိတ် ရောဂါ အခံရှိတဲ့ပုံတဲ့ ..... ‌သူ့စိတ်ခံစားချက်တွေ မြင့်တက်လာတာနဲ့ အမျှ...သူ့ပုံက ပြောင်းသွားတတ်တယ်တဲ့....
မမတော့ ဖြစ်နိုင်ရင် သူ့ကို...စိတ္တဇ ဆေးရုံကို...."

"တော်ပြီ...မမ
ဆက်မပြောနဲ့တော့...ခန့်ရှိနေသ၍...
ခန့် ကလေး ကို အရူး တယောက်လို မဆက်ဆံစေရဘူး....ခန့်ကလေးက ရူးရင်တောင်...
ခန့်ကို ရူးတာပဲ...ဖြစ်စေရမယ်..."

"ဘာပြောလိုက်တယ် ခန့်...
ဘာဆက်ဆံရေးလဲ....ခန့် မူတွေ ပျက်နေတာ...
မမ ရိပ်မိတယ်နော်...."

"ဟုတ်တယ်...ခန့် ဘေဘီ့ကို ချစ်နေမိပြီ...
သူ စာမေးပွဲပြီးတာနဲ့ ခန့် သူ့ကို အဖြေပေးမှာ..."

"ညီမလေး...ဆုံးဖြတ်ချက်
မမှားစေနဲ့...
ဒီကိစ္စက လွယ်တယ်များထင်နေသလား...
ကလေးရဲ့ရှေ့ရေး....ရှေ့ရေးဆိုတာကြီးကို...
အမြဲတွေးပေးအုံး....ခန့်သမီးလေးသာ...
သူ့နေရာမှာ ဖြစ်နေရင်ရော...ခန့်က ဒီတိုင်း လွှတ်ထားမှာလား....ခန့် ကိုယ်ချင်းစာစမ်းပါ....
မင်းတဇွတ်ထိုးလုပ်တာတွေ သိပ်များခဲ့ပြီနော်...
အတိတ်မှာလည်း မင်း တဇွတ်ထိုးလုပ်လို့...
ဘဝပျက်ခဲ့ပြီးပြီ မလား....အခုရော...
ဘယ်သူ့ဘဝကို ထပ်ဖျက်စီးချင်တာလဲ....
ကိုယ့်သမီး အရွယ် နဲ့ မပလူး မိပါစေနဲ့ ခန့်...."

"ကျစ်...ဒါပဲ...မမ"

"နေအုံး ခန့်...မင်းရှေ့ဆက်တိုးရင်...
မင်းနဲ့ မင်းရဲ့ ကလေးအနာဂတ်က...ဘယ်လောက်တောင် မှောင်မိုက်သွားမလဲ...အမြဲတွေးပါ..."

"တီချယ်ရေ...ဟင်းအိုး ဆူနေပြီရော်..."

"အေးအေး...လာပြီးသမီး..."

အချစ်ဦး တီချယ်Where stories live. Discover now