Part-14

2.5K 212 51
                                    

"စာက သေချာလုပ်ရပါမယ်ဆိုမှ....
အမျိုးမျိုးဖြစ်နေတယ်နော်...အချိန်က ရှိတာ
မဟုတ်ဘူး..."

"တီချယ်ပဲ စိတ်ပူလို့...ဆေးလာကုပေးတာမဟုတ်ဘူးလား...မြတ်က...မကုလည်း ရတယ်..."

"စိတ်ပူလို့ဟေး...စိတ်ပူလို့...
တော်တော်ကိုပွင့်ပွင့်လင်းလင်းဖြစ်စေချင်နေ..."

"ဘာလို့ စိတ်ပူတာလဲ တီချယ်..."

"ငါ မပြောတော့ဘူး...အထုတ်ပဲ သေချာပြင်လိုက်...
စာတွေ လွတ်ကုန်တာ အကုန်ပြန်သင်ပေးမယ်...
ဟိုရောက်တာနဲ့ စာကြိုးစားဖို့ပဲပြင်..."

"အာ့....အား....."

"ဟဲ့ အဲ့တာ ဘာဖြစ်နေတာတုန်း.."

"တီချယ်ကလည်း ခေါင်းကိုက်နေတာလေ...
မတွေ့ဘူးလား..."

"မင်းအော်သံကလည်း...ခေါင်းကိုက်ရင် အော်တဲ့ အသံလည်း မဟုတ်ဘဲနဲ့....ရှင့် လက္ခဏာတွေကလည်းနော်...စာ ဆိုတာနဲ့...ခေါင်းက တန်းကိုက်တော့တာပဲ..."

"တီချယ်ရယ်...ရှင်းပြရတာမောတယ်နော်....
ခေါင်းကိုက်ရင် အော်တဲ့ အော်သံဆိုပြီး ဘယ်မှာပါလို့လဲ..."

"ရှိချင်လည်း ရှိမှာပေါ့...ခဏက မင်းအော်သံကြီးက တို့ တစ်ခုခု လုပ်လို့ အော်သလိုဖြစ်နေတယ်..."

"ဘာကြီး..."

"ရောင်နီက မထွက်သေးဘူး...အတွေးတွေက ခေါင်‌ခိုက်ချင်နေပြီ...ရှင် လန့်တာ ဘာလဲဆိုတာ
ကျွန်မသိတယ်...အလုပ်ဆက်လုပ်တော့...
ဟင်းသွားချက်တော့မယ်..."

"နေအုံးလေ...တီချယ် ချက်တတ်လို့လား...."

"ချက်တတ်တယ်ရှင့်..."

"အင်းပေါ့လေ...ကလေးတယောက်အမေဆိုတော့လည်း ဒီလောက်တော့ ရှိရမှာပေါ့..."

တီချယ်ကြားသွားအောင် ရည်ရွယ်ပြီးပြောခြင်းမဟုတ်ပေမဲ့...
အခန်းပေါက်ဝက...တီချယ်တော့...
မသိမသာကြားသွား၍...မျက်ရည်ဝေ့လည်သွားသည်ကို...မြတ် မသိခဲ့ပါ .....
ဒီအတွေးစကား တစ်ခုကြောင့်သာ....
မြတ်နဲ့ တီချယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးရာ
ကံဆိုးကြီး ဖြစ်ခဲ့လေပြီလား....

တီချယ်အခုတလော မြတ် အပေါ် ဂရုမစိုက်...
ဘာကြောင့်ရယ်များမသိပေမဲ့...
တီချယ်ကိုယ်တိုင်လည်း ဘာလုပ်လုပ် ဟန်မကျ...
အမြဲတမ်း ဒေါသတွေ ဗလပွနှင့်....
အရင်က စိတ်ရှည်တဲ့ တီချယ်...
တစ်ခုခုဖြစ်ရင်တောင်...လေသံအေးအေးနဲ့ဖြေရှင်းတတ်တဲ့ တီချယ် အခုတော့
ထစ်ကနဲဆို လက်ပါလာပြီ....

အချစ်ဦး တီချယ်حيث تعيش القصص. اكتشف الآن