"တီချယ်...ဟို...မိုး...ချုပ်နေပြီနော်..."
"အမ်း...အဲ့တော့ ဘာဖြစ်..."
"ဟို...ဘာမှ မဖြစ်ပါဘူး..."
"အင်း..."
တီချယ်နဲ့ စာ အတူတူ ရေးလိုက်တာ...
မနက် ၁ နာရီခွဲသွားလေရဲ့...."ပြီးပြီ...အိပ်ကြမယ်..."
"ဟုတ်...တော်သေးတာပေါ့...သမီးက ဒီည အိပ်မှ အိပ်ရပါ့မလားလို့..."
"ရှင့် အပြစ်နဲ့ရှင်လေ...
ကျွန်မ ပါ ဒုက္ခ ခံနေရတယ်...""ဟုတ်...တောင်းပန်ပါတယ်...."
"အိပ်မယ်..အိပ်မယ်..."
"သမီးက ဟိုဘက် ဆိုဖာမှာ အိပ်လိုက်...
တီချယ်က ဒီဘက် ဆိုဖာမှာ ကွေးလိုက်မယ်...""ဟို...တီချယ်...နှစ်ယောက်ထိုင် ဆိုဖာမှာ အိပ်လိုက်ပါ...သမီးက ကွေး အိပ်ရတာ သဘောကျလို့...
တစ်ယောက်ထိုင်ဆိုဖာ မှာပဲ အိပ်လိုက်မယ်...""အိုကေ...အိုကေ...ကောင်းပြီ...
မင်း အဆင်ပြေသလို အိပ်...
တီချယ့် ကုတင်က ကျိုးနေလို့...မပြင်ရသေးဘူး...
အဲ့တော့...အပြင် ဆိုဖာမှာပဲ
တို့ဆရာတပည့်နှစ်ယောက်...ကွေးကြတာပေါ့...""ဟုတ်ကဲ့ တီချယ်... good night "
"Good night သမီး..."
တီချယ် ဘယ်လိုတောင် အိပ်ပျော်လဲ မသိ....
တအူအူနဲ့ ခြင်တွေအရမ်းပေါသည်....
တီချယ် ခြင်ကိုက်တာတောင် သိပါ့မလား...
အိပ်ပျော်နေတာ...အပြစ်ကင်းစင်လွန်းတဲ့ ကလေးငယ်လေးသဖွယ်....
မြတ် ဒီတိုင်းလေးပဲ ထိုင်ကြည့်နေမိတယ်....
မြတ်ဝတ်ခဲ့တဲ့ အပြင်ခံလက်ရှည်အင်္ကျီလေးကလည်း...တီချယ့် ကိုယ်အပေါ်ပိုင်းမှာ နေရာ ယူနေပြီ..
အေးလို့...ခြုံထားပေးတာတော့ မဟုတ်...
တီချယ့်လက်မောင်း ဖွေးဖွေးလေးတွေကို...
ခြင်ကိုက်လိုက်ရင်... အဖုအဖိန်း ထမှာ ကြောက်သည်....တစ်ညလုံး အိပ်မရတော့...လူက ခပ်နုံးနုံး....
ဒီနေ့က သောကြာနေ့မို့...မနက်ဖြန်ဆို အေးဆေး...
အနားယူလို့ရမည်ဟူသော စိတ်ကူးနဲ့...
အားအကုန်သုံး၍ ကျောင်းဝတ်စုံလဲကာ ကျောင်းသို့
လှမ်းလာခဲ့သည်....
တစ်လမ်းလုံး...တီချယ်အိပ်ပျော်နေတဲ့...ပုံလေးက...
မျက်စိထဲက မထွက်ရှာခဲ့ဘူးပေါ့....
ESTÀS LLEGINT
အချစ်ဦး တီချယ်
Literatura romànticaအဖြူအစိမ်းနယ်မြေမှာပဲ.... အချစ်ဦးကို...စတွေ့ကြစမြဲပါ.... သို့ပေမဲ့... မြတ် ချစ်မိခဲ့တဲ့...အချစ်ဦးက...တီချယ်တဲ့လေ...