Description

6.6K 363 18
                                    

Unicode

သူကိုက်ခဲနေတဲ့ခေါင်းကို ဖိနှိပ်လိုက်ပြီး အိပ်ယာကနေထထိုင်လိုက်တယ်။ ညကအကောင်းကြီးပါ ဘယ်လိုဖြစ်လို့ ခေါင်းကရုတ်တရပ်ကိုက်လာရတာလဲ။

သူအိပ်ယာကထပြီးဘေးကစားပွဲကိုလက်လှမ်းလိုက်တော့ လေထုကိုသာဆုပ်ကိုင်မိတာကြောင့် မျက်မှောင်ကျုံ့သွားရတယ်။ ဒီစားပွဲပေါ်ကရေခွက်ကိုဘယ်သူအတင့်ရဲပြီးလာသိမ်းတာလဲ။

သူမျက်လုံးဖွင့်ပြီးပြသနာမရှာခင်မှာပဲ နားထဲကိုအသံတစ်သံတိုးဝင်လာတော့တယ်။

" မင်းနိုးလာပြီလား "

ထိုအသံကအရမ်းချိုမြိန်လွန်တယ်။ နူးညံ့လွန်းတယ်။ ဒါပေမဲ့ လေသံထဲမှာ မောက်မာမှုတွေလည်းရောယှက်နေတယ်။

" နိုးရင် ထတော့ မင်းနဲ့ငါ ဒီနေ့လက်ထပ်မှတ်ပုံတင်ရမယ် "

" ဘာဖြစ်တယ်!! "

ထိုအချိန်မှာပဲသူ့မျက်လုံးတွေပြူးကျယ်လာတော့တယ်။ လက်ထပ်မှတ်ပုံတင်? ချီးကိုလက်ထပ်မှတ်ပုံတင်။ သူ့ရဲ့အိပ်ချင်တဲ့စိတ်တွေပါလွင့်ပြယ်ကုန်ပြီး သူ့နားရပ်နေတဲ့လူကိုမော့ကြည့်လိုက်မိတယ်။

Mask တပ်ပြီး ဦးထုပ်ဆောင်းထားတာကြောင့် သေချာမမြင်ရပဲ ထိုလူ့မျက်လုံးတွေကိုသာသူမြင်ရတယ်။ ထိုမျက်လုံးတွေထဲမှာ မောက်မာမှုကအပြည့်!

" အချိန်မရှိဘူး! မင်းထပ်ပြီးရှောင်မပြေးနဲ့တော့ ပေါင်ပေ့! "

ဘယ်သူကရှောင်ပြေးတာလဲ? သူက? ဟင့်အင်းနော်။ ခင်ဗျားကိုသိတောင်မသိဘူး။

ထိုအချိန်မှာပဲအခန်းပြင်ကအသံထွက်လာတော့တယ်။

" သခင်လေး ရှောင်းကျန့် ကားအသင့်ဖြစ်ပါပြီ "

" ဆင်းလာခဲ့မယ်! "

ရှောင်းကျန့်! ကြားဖူးသလိုလိုတော့ရှိသား။

" ဝမ်ရိပေါ်! ငါမင်းနဲ့လက်ထပ်မှတ်ပုံတင်ပြီးရင် ရိုက်ကွင်းသွားရမှာ။ လေးဖင့်မနေနဲ့ မြန်မြန်ထ! "

သူဘာအဖြေမှပြန်မဖြေ။ သူတော်တော်လေး လေးနက်တာကိုစဉ်းစားနေရတယ်။ သူ့ရှေ့ကလူပြောနေတာတွေသူနားမလည်။ ရိုက်ကွင်း! လက်ထပ်မှတ်ပုံတင်! ရှောင်းကျန့်!

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now