ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၉

1.9K 178 8
                                    

Unicode

ရှောင်းကျန့် Audition ဖြေရမှာဖြစ်တာကြောင့် ကျောင်းကိုခွင့်တိုင်ပြီး ပိရွှယ်ကိုထွက်လာလိုက်၏။ ကျောင်းဝတ်ယူနီဖောင်းဖြစ်တဲ့ အပေါ်ကကုတ်အင်္ကျီနို့နှစ်ရောင်ကိုချွတ်ကာ လွယ်အိတ်ထဲခေါက်ထည့်လိုက်ပြီးတာနဲ့ အင်တာတိန်းမန့်ထဲဝင်သွားလိုက်တော့သည်။

သူဝင်သွားတာနဲ့ တွေ့လိုက်ရတဲ့ အရာကြောင့် နည်းနည်းတော့စိတ်ပျက်သွားသလိုခံစားလိုက်ရ၏။ ဘာကိစ္စ အင်တာတိန်းမန့်တစ်ခုက နှစ်ထပ်တိုက်သေးသေးလေးနဲ့ စုတ်ပြတ်နေရတာတုန်း။

ပြောရရင်သူကဆိုင်းဘုတ်အသေးလေးသာတပ်ထားတဲ့ခြံထဲဝင်လာတာဖြစ်ပြီး သူ့စိတ်ကူးထဲကလို မှန်အပြည့်နဲ့ဆောက်ထားတဲ့ အင်တာတိန်းမန့်ကြီးတော့မဟုတ်ခဲ့ဘူးပေါ့လေ။

သူဝင်လာတာကိုတွေ့တာနဲ့ သူ့ကိုမနေ့ကအတင်းဖက်ပြီး သူတို့ကုမ္ပဏီလာဖို့ခေါ်တဲ့လူက ဝမ်းသာအားရပဲသူ့နားရောက်လာပြီးပြောလေတယ်။

" ညီလေး ဝမ်းသာတယ်ကွာ! အကိုကမလာလောက်ဘူးထင်တာ "

" ကျွန်တော်လည်း လှည့်ပြန်ရင်ကောင်းမလားတွေးနေတာ "

ရှောင်းကျန့်ပြောတာကို တန်းသဘောပေါက်တဲ့ ထိုလူကသူ့ကိုသနားစရာကောင်းသောအသံဖြင့်ထပ်ပြောလာ၏။

" မလုပ်ပါနဲ့ငါ့ညီရာ။ အခုတော့နည်းနည်းစုတ်ပြတ်နေပေမဲ့ နောက်ကျရင်ပိုအဆင်ပြေသွားမှာပါ "

ရှောင်းကျန့်မချိပြုံးလေးပြုံးပြလိုက်ပြီး ထိုလူခေါ်ရာနောက်လိုက်သွားကာ အပေါ်ထပ် ရုံးခန်းဆိုသော အခန်းကိုဝင်သွားတာကြောင့် လိုက်ဝင်လိုက်တော့ ထိုရုံးခန်းကတော့ နည်းနည်းသားသားနားနားရှိလေသည်။

" ကိုယ်စားလှယ်က ခဏနေရောက်လာလိမ့်မယ် ညီလေး။ အကိုအလုပ်ရှိသေးလို့ ဒီမှာနေခဲ့တော့နော် "

ရှောင်းကျန့် ဘာမှလည်းမပြောပဲ ဆိုဖာအသေးလေးပေါ်ဝင်ထိုင်လိုက်ပြီးတာနဲ့ သူ့လွယ်အိတ်ကို ခုံအောက်ချလိုက်ကာ အထဲကစာအုပ်တချို့ကိုထုတ်ပြီး စာကြည့်နေလိုက်တယ်။

သူလူရွေးပွဲလာဖြေတာမှန်ပေမဲ့လည်း စာလုံးဝမလုပ်တော့ဘူးလို့ဆိုလိုတာတော့မဟုတ်ပေ။ ပြီးတော့ သူအောင်မအောင်လည်းအာမခံနိုင်တာမှမဟုတ်ပဲ။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now