ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၁

1.7K 173 6
                                    

Unicode

ဝမ်ရိပေါ်က သူ့ကိုစိတ်ကောက်ပြီး ညစာစားပြီးကတည်းက စာလုပ်နေတာကြောင့် သူလည်းသူ့ကိုပို့ထားတဲ့ဇာတ်ညွှန်းကိုဖတ်ပြီး ဝမ်ရိပေါ်ကိုစောင့်နေလိုက်သည်။

သို့ပေမဲ့ ဝမ်ရိပေါ်သည် သူ့ကိုလုံးဝလျစ်လျူရှုထားပြီး စကားတောင်တစ်လုံးမှမပြောတာကြောင့် သူနေမထိထိုင်မသာဖြစ်ပြီး ဧည့်ခန်းထဲကထကာ မီးဖိုချောင်ထဲဝင်ပြီး ဝယ်လာတဲ့ ပန်းသီးနှစ်လုံးကိုဝမ်ရိပေါ် တစ်ကိုက်စာစိတ်လိုက်ပြီး ပန်းကန်ထဲထည့်လိုက်သည်။ ပြီးနောက် လိမ္မော်ရည်လေးတစ်ခွက်ပါဖျော်လိုက်ပြီး ထိုဖျော်ရည်ခွက်နဲ့သစ်သီးခွက်ကို စာကြည့်ခန်းထဲသယ်သွားတော့သည်။

တကယ်တမ်းကျ ဝမ်ရိပေါ်စိတ်ကောက်နေသလားမေးရင် လုံးဝစိတ်မကောက်ပါ။

ရေခဲမုန့်ကိုစားမကောင်းတဲ့အသီးလိုရှုံ့မဲ့ပြတာကြောင့် စိတ်ဆိုးရုံပင်။ ဒီလောက်ကောင်းတာ မသိရင်သေဆေးကျွေးသလိုပဲ။

အဲ့တာကိုမှ ကားပေါ်မြန်မြန်တက်လာပြီး သူဝယ်ထားတဲ့ဗနီလာခွက်ကိုလာမပေးပဲ ကောင်မလေးတစ်ယောက်နဲ့ပြုံးပြုံးရွှင်ရွှင်စကားပြောနေပြီး သူ့ရေခဲမုန့်ခွက်ကိုတောင်ကိုင်ခိုင်းလိုက်သေးတယ်!

ဖန်ဂဲလ်ဖြစ်မယ်လို့တော့ဖြည့်တွေးပေမဲ့ အဲ့တာကိုတွေးတိုင်းစာတောင်လုပ်လို့မရတဲ့ထိ စိတ်ထဲတနုံ့နုံ့ဖြစ်နေတုန်းပဲ။ သူ့ကိုလည်းရေခဲမုန့်ခွက်ပေးရော ဗနီလာရေခဲမုန့်ကပျော်တာမှပြဲပါပြဲနေပြီ။

ရိပေါ် ပြန်တွေးလေ စိတ်တိုလေဖြစ်တာကြောင့် နှာမှုတ်ထုတ်လိုက်ပြီး Assignment ပုစ္ဆာကိုသာ ရှောင်းကျန့်အမှတ်နဲ့သည်းကြီးမည်းကြီးတွက်ချပလိုက်တော့တယ်။

ဒီတလောမှာ ရိပေါ် စာကိုပဲအသည်းအသန်ကြိုးစားနေတာကြောင့် ဒီဘာသာနဲ့သိပ်တော့မစိမ်းသက်တော့ဘူး။ အဲ့အစား တချို့ဟာတွေလည်းတွက်တတ်လာတယ်။ တချို့ပုစ္ဆာတွေကတော့ မတွက်တတ်ပေမဲ့ပေါ့လေ။

ရိပေါ်အခုတွက်နေတာတွေက အထက်တန်းကျောင်းသားပုစ္ဆာလောက်ပဲရှိတယ်။ တကယ်ခက်တာတွေကိုတော့ ဘေးမှာပုံထားရတာပေါ့။ သူမှမတွက်တတ်ပဲလေ။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now