ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၅

1.9K 160 9
                                    

Unicode

ခြံထဲသို့မောင်းဝင်လာတဲ့ကားသံကြားတာကြောင့် ရိပေါ် စာကြည့်ခန်းထဲကနေပြေးထွက်လာမိ၏။ ‌

ရှောင်း...သူ သူနောက်ဆုံးတော့ အိမ်ပြန်လာပြီ။

ရိပေါ်အရမ်းပျော်လွန်းတာကြောင့် လှေကားထစ်တွေကိုဆင်းရာမှာ တက်ကြွမှုတွေပါဝင်နေလေတယ်။ သူ့ခင်ပွန်းနဲ့မတွေ့ရတာ ရှစ်လတိတိရှိပြီဖြစ်ပြီး သူတို့လက်ထပ်ပြီးတုန်းကလည်း တစ်လမျှသာအတူတူရှိခွင့်ရခဲ့တယ်။

အလုပ်များလွန်းတဲ့ သူ့ရဲ့ခင်ပွန်းက တစ်ခါတစ်လေဆိုရင် အိမ်ပြန်မလာပဲ အပြင်မှာအိပ်လေ့ရှိတယ်။ အဲ့အခါတွေကျ ရိပေါ်ကို မစောင့်ဖို့လှမ်းမှာပေမဲ့ တစ်လပြီးနောက်မှာတော့ သူ့ခင်ပွန်းက ရိုက်ကူးရေးရှိတယ်ဆိုပြီး အိမ်ကနေထွက်သွားလေတယ်။

ကြားထဲမှာလည်း Scandal ပေါင်းစုံထွက်ခဲ့ပေမဲ့ ရိပေါ်ကသူ့ခင်ပွန်းကိုသူယုံကြည်တယ်။ သူ့ခင်ပွန်းကသူ့အပေါ်သစ္စာရှိရှိနဲ့ပေါင်းသင်းပြီး ဘယ်တော့မှ ဖောက်ပြန်မှာမဟုတ်ဘူး။

ဒါပေမဲ့ ရိပေါ်ကပဲ တုံးအလွန်းတာလား ‌ရှောင်းကျန့်ကပဲ ဉာဏ်များလွန်းတာလားမသိဘူး။ ရိပေါ်တခြားအတွေးမဝင်မိအောင် ရှောင်းကျန့်က တစ်ခါတလေကျ အချိန်ပေးပြီး စကားတွေအများကြီးပြောရင်းနဲ့ ရိပေါ်ကိုချွေးသိပ်တတ်တယ်။

ရိပေါ်မှာပြတ်သားတဲ့စိတ်ရှိတယ်။ ဒီအမျိုးသားကို လက်ထပ်လိုက်တယ်ဆို တစ်ညတာအမှားအတွက်မဟုတ်ခဲ့ဘူး။ ဒီအမျိုးသားကိုသူလက်ထပ်ခဲ့တာ သူ့ရဲ့နှလုံးသားနဲ့ သူ့ရဲ့စိတ်ရော ခန္ဓာကိုယ်ကိုပါ ဒီ‌အမျိုးသားဆီ အလုံးစုံပုံအပ်ပြီးလို့ လက်ထပ်လိုက်တာပဲဖြစ်တယ်။

ဒါပေမဲ့ ဘယ်သူထင်ခဲ့မှာလဲ။ ဒီအမျိုးသားက သူ့ကိုလက်ထပ်ခဲ့တာ အကြောင်းပြချက်တစ်ခု‌ထဲကြောင့်ဖြစ်တယ်။

ရိပေါ် သူ့ခင်ပွန်းရှိနိုင်မည့် ဧည့်ခန်းဆီကိုပြေးဝင်သွားလိုက်တော့ သူ့ခင်ပွန်းကဆိုဖာပေါ်မှာ ခြေချိတ်ပြီးထိုင်နေလေတယ်။ ပြီးတော့...သူ့ခင်ပွန်းဘေးမှာထိုင်နေပြီး သူ့ခင်ပွန်းရဲ့လက်ကိုဝင့်ကြွားစွာချိတ်ထားတဲ့ အမျိုးသမီးတစ်ယောက်လည်းရှိနေတယ်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now