ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၄

1.5K 154 1
                                    

Unicode

အခန်းထဲကိုတိုးဝင်လာတဲ့ နေရောင်ကြောင့် ရိပေါ်မျက်လုံးတွေကျိန်းသွားရပြီး အိပ်ယာကနေမထချင်ပဲထလာရတော့သည်။

ညကသူ ဝရံတာတံခါးမပိတ်မိဘူးထင်၏။

အရမ်းပင်ပန်းလွန်းတာကြောင့် ရှောင်းကျန့်နဲ့ Video call ပြောပြီးပြီချင်းအိပ်ပျော်သွားတာဖြစ်လိမ့်မည်။

ဘေးမှာချထားတဲ့ ဖုန်းကိုယူကြည့်လိုက်တော့ ကိုးနာရီထိုးနေပြီဖြစ်တာကြောင့် ရိပေါ်စိတ်ထဲ အစောကြီးရှိသေးတာပဲလို့တွေးမိသွားသည်။

ထို့ကြောင့် ရိပေါ် စောင်ပုံထဲပြန်တိုးပြီးအိပ်မယ်အလုပ် အပြင်ကနေ တံခါးလာခေါက်တာကြောင့် ရှုံ့မဲ့သွားရ၏။

" တတိယသခင်လေး မနက်စာစားလို့ရပါပြီ "

ရိပေါ် အစက ပြန်မဖြေပဲနေမလို့တွေးပေမဲ့ ပြောစရာရှိတာသတိရသွားတာကြောင့် အိပ်ယာကနေ ကုန်းရုန်းထပြီး တံခါးဆွဲဖွင့်လိုက်၏။

" အန်တီချင် နေ့လည်စာချက်တော့မှာလား "

" အခုပဲချက်တော့မလို့။ တတိယသခင်လေး စားချင်တာရှိလို့လား "

" ဟင့်အင်း အန်တီချင်ဒီနေ့နားလိုက်ပါလား။ ကျွန်တော် အိမ်ပြန်မှာ "

" အိုး ဒါဆို ကျွန်မသန့်ရှင်းရေးလုပ်ပြီးရင်ပြန်နားလိုက်မယ်လေ "

" အလုပ်ရှုပ်စေမိပြီ "

" ဒါကျွန်မတာဝန်ပါ "

သူ့ကိုပြောပြီးတာနဲ့အောက်ဆင်းသွားတဲ့ အန်တီချင်ကြောင့် ရိပေါ်လည်း အခန်းထဲပြန်ဝင်လာလိုက်ပြီး သူဖွထားသမျှကို အဝတ်လျှော်တောင်းထဲကောက်ထည့်ကာ ရေချိုးဖို့လုပ်လိုက်၏။

ပြီးခဲ့တဲ့အပတ်က သူ့မွေးနေ့ဖြစ်ပြီး အဲ့နေ့က ရှောင်းကျန့်နဲ့ပဲတစ်နေကုန်ရှိနေတာကြောင့် သူ့မိသားစုဝင်တွေနဲ့အတူတူမွေးနေ့ပွဲမလုပ်‌ရသေးပေ။

တကယ်တော့ သူ့မွေးနေ့မှန်းသူလည်းမသိပါ။

သူနဲ့ မူလပိုင်ရှင်ကမွေးနေ့မတူတာကြောင့် သတိမေ့တာလို့ပြောရအောင်လည်း ကွာတာမှ နှစ်ရက်သာဖြစ်သည်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now