ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၇

2.7K 198 32
                                    

Unicode

" ရိပေါ်...ကလေး...ဆေးသောက်မယ်လေ "

" မသောက်..ဟတ်ချိုး! ချင်ဘူး "

ရိပေါ်သူ့အား ဆေးအတင်းတိုက်နေတဲ့ ရှောင်းကျန့်ကိုငြင်းလိုက်ပေမဲ့ နှာကအဆက်မပြတ်ချေလာကာ နှာလည်းစေးလာပြီမလို့ ဆေးမသောက်ရင်သူပိုဆိုးတော့မည်ဆိုတာ သိလိုက်ရ၏။

" မသောက်လို့မရဘူး ဖျားနေပြီလေကွာ "

" နှာစေးရုံပဲ ဘာမှမဖြစ်ဘူး။ ဟတ်ချိုး!   G မြို့က ကစားကွင်းသွားမယ်လေ နော် ကိုကို ရွှတ်! "

" မရဘူး "

ရိပေါ်ပြောတာကိုငြင်းပြီး အိပ်ယာဘေးရှိစားပွဲပေါ်က တစ်သျှူးကိုယူကာ ရိပေါ်အား နှပ်ညှစ်ပေးနေတာကြောင့် ရိပေါ်မှာမညှစ်ချင်လည်း ညှစ်ရပြန်သည်။

ဘယ်လောက်များသိက္ခာကျလိုက်သလဲ။ ကိုယ်နှာရည်ကျတာကို ယောက်ျားကလာညှစ်ပေးရတယ်တဲ့။ ကြုံ မကြုံဖူးပေါင်။

" ဝမ်ဝမ်ဘာမှမဖြစ်ဘူးလေ ဟတ်ချိုး!!  တကယ်! သဲအိတ်ဆွဲပြီးသုံးပတ်ပြေးပြ..ဟတ်ချိုး!..ဆိုရင်တောင်ပြေးနိုင်တယ် "

" နှာတွေဆက်တိုက်ချေပြီး ကလေးလေးတွေလိုနှာရည်ကျနေတာတောင် ပြေးပြချင်သေးတယ်လား "

" ကိုကိုရယ် ဝမ်ဝမ်က ရွှတ်! အဲ့ကစားကွင်းကို အရမ်း ရွှတ် သွားချင်နေတာလေ "

" ဒါပေမဲ့ ဝမ်ဝမ်ဖျားနေတယ်လေကွာ "

" ဆေးသောက်မယ်လေ...ဟတ်ချိုး! ဆေးသောက်လိုက်ရင်ပျောက်သွားမှာ သွားမယ်လေ နော် နော် ရွှတ် "

ရှောင်းကျန့် သူ့အားနှာတစ်ရွှတ်ရွှတ်နဲ့ အတင်းပူဆာနေတဲ့ရိပေါ်ကိုတကယ်ပင်လိုက်မပို့ချင်ပါ။

ဒီနေ့ကပိတ်ရက်မဟုတ်ရင်တောင် ထိုကစားကွင်းသည် အရမ်းနာမည်ကြီးတဲ့အတွက် လည်ပတ်သူကမနည်းပေ။ တကယ်လို့သူသာလိုက်ပို့လိုက်မယ်ဆို ရိပေါ်လူတိုးပြီး ဆော့ကစားလိမ့်မည်။ အဲ့အခါကျ အဖျားကမကျတဲ့အပြင် ပိုတိုးသွားမှာကိုသူစိုးရိမ်ပါ၏။

သူကမနက်ဖြန်မနက်အစောဆုံးလေယာဉ်နဲ့ရိုက်ကွင်းပြန်ရမည်ဖြစ်သည်။ ရိပေါ်သာဖျားပြီးကျန်ခဲ့မယ်ဆို သူ စိတ်ဖြောင့်ဖြောင့်နဲ့အလုပ်လုပ်နိုင်မှာမဟုတ်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now