ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၆

1.8K 160 20
                                    

Unicode

ရိပေါ် အိပ်နေရင်းနဲ့ ထူးဆန်းပြီး ရှည်လျားတဲ့အိပ်မက်ရှည်တစ်ခုမက်ခဲ့သည်။

အဲ့အိပ်မက်က မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တစ်ခုဖြစ်ပြီး သူတစ်ခါမှမသိခဲ့တဲ့အကြောင်းအရာတွေပင်ဖြစ်၏။

မူလပိုင်ရှင်ဟာ ရှောင်းကျန့်ကိုမကွာရှင်းခင်ကတည်းက ဖြစ်လာမှာတွေအတွက်ကြိုပြင်ဆင်ထားသည့်အနေနဲ့ သေတမ်းစာ ၊ ကွာရှင်းစာချုပ် ၊ အမွေလွှဲပြောင်းသည့် စာချုပ်တွေကိုပါပြင်ဆင်ထားပြီး သေတမ်းစာထဲမှာရော အမွေလွှဲသည့်စာချုပ်ထဲမှာပါ ရှောင်းကျန့်နဲ ဝမ်ဟိုင်ချန်ကို အညှီအမျှခွဲဝေပေးထားသည်။

စိတ်သဘောထားပြည့်ဝတဲ့ ငနုံကလေးမူလပိုင်ရှင်ဟာ ကျင်းမုဟွာအတွက်ပါ ခွဲဝေပေးခဲ့သေးပြန်၏။

မူလပိုင်ရှင်ကကြိုပြီးပြင်ဆင်ထားပေမဲ့ တကယ်တမ်းမှာတော့ ဘာတစ်ခုမှထုတ်မပြခဲ့ပဲ ရှောင်းကျန့်ကိုပဲ ရအောင်ဆွဲထားကာ နောက်ဆုံးအထိမကွာရှင်းပေးခဲ့ပေ။

တကယ်လို့သာ မူလပိုင်ရှင်ကို အိပ်ဆေးခတ်ပြီး လက်ဗွေမယူခဲ့ဘူးဆိုရင် သူတို့တွေလုံးဝကွာရှင်းဖြစ်မှာမဟုတ်။

ကျင်းမုဟွာရဲ့ အကြံအစည်ကို ရှောင်းကျန့်က လက်ခံပြီး လိုက်လုပ်ခဲ့ခြင်းဆိုတာ ဝမ်ရိပေါ်သိသည်။

သို့ပေမဲ့ သူမှာထုတ်ပြောဖို့ရာသက်သေမရှိ။ တိကျလှတဲ့ ကျင်းမုဟွာသည် အိမ်ရှိစောင့်ကြည့်ကင်မရာအကုန်လုံးကိုဖျက်ဆီးပစ်သည်။

နောက်ဆုံး ဝမ်ရိပေါ်မှာ လက်ဗွေနှိပ်လိုက်ပြီဖြစ်တဲ့အတွက် မတတ်သာပဲ အိမ်ကနေဆင်းခဲ့ရတော့သည်။

တစ်ဆက်ထဲမှာပဲ ယုတ်မာလွန်းတဲ့ကျင်းမုဟွာသည် ရှောင်းကျန့်ကိုသွေးထိုးစကားတွေပြောပြီး စိတ်အာရုံထွေပြားအောင်လုပ်သည်။

ဥပမာအားဖြင့်ဆိုရလျှင် - " ဝမ်ရိပေါ်က ဝမ်ဟိုင်ချန်နဲ့ ပိုနီးစပ်နေပြီဖြစ်ကြောင်း ၊ ဝမ်ရိပေါ်ဟာ ချစ်သူအသစ်တွေ့နေပြီဖြစ်ကြောင်း " စသဖြင့် မဟုတ်တမ်းတရားတွေပြောကာ ရှောင်းကျန့်ကို ရူးနှမ်းစေသည်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now