ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၈

2.4K 166 24
                                    

Unicode

ဒီနေ့သည် ရိပေါ်၏ ဒုတိယနှစ်အတန်းတင်စာမေးပွဲ နောက်ဆုံးရက်ဖြစ်၏။ ရှောင်းကျန့်က ရိုက်ကူးရေးပြီးခါနီးတာကြောင့် အမြန်ဖြတ်ဖို့ရာ အိမ်ပြန်မလာတာလည်း နှစ်လရှိပြီဖြစ်သည်။ ရိပေါ်မှာလည်း စာမေးပွဲကြောင့် ရှောင်းကျန့်ဆီသွားမတွေ့နိုင်ပဲ သူတို့နှစ်ယောက် ဖုန်းထဲကနေပဲအလွမ်းသယ်နိုင်ကြသည်။

ရိပေါ်စာမေးပွဲပြီးတာနဲ့ ငူငူငိုင်ငိုင်ဖြစ်ကာ အတန်းထဲကအရင်ထွက်လာခဲ့သည်။

သူ့အကိုကြီးကဒီနေ့လာကြိုမယ်ပြောထားတာကြောင့် သူ့ရဲ့မျက်လုံးများကိုအလုပ်ပေးပြီး ဝေ့ကာရှာတော့ ဝမ်ဟိုင်ချန်သည် ရိပေါ်အကြိုက် Milk tea နဲ့အာလူးကြော်ထုပ်ကိုကိုင်ပြီး ကားပါကင်နားတွင်ရပ်စောင့်နေတာကိုတွေ့ရ၏။

ရိပေါ်ကြည့်နေတာကိုမြင်တော့ ဝမ်ဟိုင်ချန်သည် ဖုန်းပြောနေရာကနေ လက်ယမ်းပြသည်။ ရိပေါ်လည်း အကိုဖြစ်သူဆီလျင်မြန်စွာသွားလိုက်ပြီး လက်ထဲက အာလူးကြော်နဲ့ Milk tea ကိုယူလိုက်၏။ သူ့ရဲ့ကျောပိုးအိတ်ကိုလည်း သူ့အကိုထံထိုးပေးဖို့မမေ့ပေ။

" အိမ်ပြန်မှာလား သူငယ်ချင်းတွေနဲ့သွားမှာလား "

" အိမ်ပြန်မယ် သူတို့တွေက ညနေပြန်မဲ့လူနဲ့ မနက်ကျပြန်မဲ့လူနဲ့ "

" ဟုတ်ပါပြီ။ အမေက ရှောင်ကျယ်အကြိုက် ကြာစွယ်နဲ့ဝက်သားချက်ပေးထားတယ် "

" ဟုတ် ကိုကြီး "

ရိပေါ် ခေါင်းငြိမ့်ပြလိုက်ပြီး ကားပေါ်အရင်တက်ကာ သူ့အကိုတက်လာမည့်အချိန်ကိုစောင့်နေလိုက်၏။ သူ့ရဲ့အာလူးကြော်ကိုဖောက်စားဖို့လည်းမမေ့ပေ။

"‌ ရှောင်ကျယ် "

ခဏကြာတော့ သူ့အကိုသည်ကားပေါ်တက်လာပြီးသူ့ကိုခေါ်၏။ သူလည်း ပြန်ထူးသံပြုလိုက်ပေမဲ့ အစားတော့မပျက်ပေ။

" မျှစ်ခေါက်ဆွဲစားမလား? "

" စားမယ်လေ "

ရိပေါ်ပြန်ဖြေပြီး မိနစ်အနည်းငယ်အကြာထိဘာမျှမတုန့်ပြန်တာကြောင့် ရိပေါ်ကြည့်လိုက်တော့ ဝမ်ဟိုင်ချန်သည် သူ့အားကြည့်ကာ အတွေးလွန်နေသည့်ပုံပင်။ ထို့ကြောင့် သူ့အကိုရဲ့ပခုံးအား သူနှစ်ချက်လောက်ပုတ်လိုက်ရ၏။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now