ဒီယောက်ျားနဲ့ကွာရှင်းမှဖြစ်မယ် - ၁၀

1.8K 193 12
                                    

Unicode

နောက်ဆုံးမှာတော့ ယဲ့ချန်လည်းသူ့ကိုသည်းမခံနိုင်တော့ဘူးထင်၏။ တကူးတက ကိုယ်တိုင်ကိုယ်ကျကားပါကင်ထိလိုက်ပို့ပြီး နှင်လိုက်တာကြောင့် သူလည်းရွေးစရာမရှိတော့ပဲ ကားပေါ်တက်ကာ ကုန်တိုက်တစ်ခုကိုမောင်းသွားရတော့သည်။

အိမ်ကထွက်လာကတည်းက နေကာမျက်မှန်တစ်ခုသာကောက်တပ်လာတာကြောင့် ကားထဲအမြဲထည့်ထားလေ့ရှိတဲ့ မက်စ်တစ်ခုကိုယူကာ ကောက်တပ်လိုက်ပြီး ကုန်တိုက်ထဲဝင်လိုက်၏။

ဒီနေ့လည်းသူတို့ဗီလာကအခန်းမှာပဲနေကြမှာဖြစ်တာကြောင့် ဟင်းချက်စရာဝယ်ဖို့လိုသည်။ အဲ့မှာကသူလည်းတစ်ခါတစ်လေမှနေတာကြောင့် စားစရာဆိုလို့ ခေါက်ဆွဲခြောက်တွေသာရှိသည်။

ဒီနေ့တော့ ဝမ်ရိပေါ်ကို ကောင်းကောင်းလေးချက်ကျွေးရမယ်။

ဝမ်ရိပေါ်က ဝက်သားနဲ့လုပ်သမျှအကုန်ကြိုက်ပြီး အရွက်ကြော်ဆို စားတာရှားသည်။ စုံစမ်းထားတဲ့အချက်အလက်ထဲမှာပါတဲ့အတိုင်းဆို အသီးအရွက်ကိုဆို တို့တောင်မတို့ပဲ အသားပဲစားလေ့ရှိသည်တဲ့။

မဖြစ်သေးပါဘူး။ ဝက်သားချည်းပဲကျွေးနေရင် တဖြေးဖြေး ဝက်ပေါက်နဲ့တူလာလိမ့်မယ်။ အပြောင်းအလဲလေးဖြစ်အောင် အရွက်ကလေးဘာလေးဝယ်ပြီး ဝက်သားလေးနဲ့ကြော်ကျွေးရမယ်။

ရှောင်းကျန့်တွေ့ပြီးတာနဲ့ တွန်းလှည်းကိုယူကာ အသားငါးထားသည့် လိုင်းဘက်သွားလိုက်ပြီး အိတ်တစ်လုံးဆွဲဖြုတ်ကာ ဝက်သားတောက်တောက်ကိုတစ်အိတ် ၊ ဝက်ခြေထောက်ကိုတစ်အိတ် ၊ ဝက်ဂုတ်သားကိုတစ်အိတ် ၊ သုံးထပ်သားကိုတစ်အိတ်ထည့်ပြီး လေးထုပ်လုံးကိုခြင်းတောင်းထဲကောက်ထည့်လိုက်သည်။

မနက်ဖြန်ကျရင် ဝမ်ရိပေါ်ကို ဝက်သားလုံးကြော်ကျွေးမယ် ၊ သန်ဘက်ခါကျရင် သုံးထပ်သားကင်ကျွေးမယ် ၊ ဖိန်းနွှဲခါကျရင် ဂုတ်သားကင်ကျွေးမယ် ၊ ဖိန်းသန်ဘက်ခါကျရင်ဝက်ခြေထောက်စွပ်ပြုတ်တိုက်မယ်။

ဝမ်ရိပေါ်ကိုဝက်သားမုန်းသွားအောင် ရက်ဆက်ကျွေးပြီး သူကတော့ ဝမ်ရိပေါ်ဝက်သားမုန်းပြီဆိုတာနဲ့ ဝက်သားစစားမယ်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now