ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၄

2.7K 311 23
                                    

Unicode

ရိပေါ်ပါးစပ်ထဲကဇွန်းကိုဆွဲထုတ်ပြီး သွားလေးစိကာရီပြလိုက်၏။

" ဟီး...မြည်းကြည့်အုံးမလား "

ဝမ်ဟိုင်ချန်သည် သူ့အားဘာမှမပြောပဲ ကျော်သွားပေမဲ့ ဝမ်ဟိုင်ထန်ကိုတော့ စတင်ဆူတော့၏။

" မင်းအကြီးဖြစ်ပြီး ကလေးကိုဖျက်စီးနေတာလား ၊ ထမင်းစားချိန်ကိုရေခဲမုန့်ကဘာလို့စားနေတာလဲ။ စားနေတာကလည်းကုန်တော့မယ်။ မင်းတနေ့တနေ့အခန်းထဲနေပြီး ဂိမ်းပဲဆော့နေတယ်။ မင်းကုမ္ပဏီကိုမလိုချင်တော့ဘူးလား "

" ကိုကြီး! ကိုကြီးအဲ့လို ပွစိပွစိလုပ်နေလို့ မိန်းမ မရတာသိလား။ မိန်းမ မပြောနဲ့ချစ်သူတောင်မရှိဘူးမလား။ ကိုကြီးရဲ့ဒီအကျင့်နဲ့ မိန်းမကြီးကျနေတာပဲ "

" ဘာဖြစ်တယ်! ဝမ်ဟိုင်ထန် သိပ်သတ္တိကောင်းနေတယ်ပေါ့ "

" ကျွန်တော်ပြောတာမှားလို့လား။ တနေ့တနေ့ဆူပူကြိမ်းမောင်းနေတာချည်းပဲ ကိုကြီးအဲ့လိုပုံကိုဘယ်သူကြိုက်မှာလဲ ဟွန့်! "

ခွီ!

ရိပေါ်သူ့အကိုတွေရန်ဖြစ်တာကြည့်ပြီးမနေနိုင်တော့တာကြောင့် အသံထွက် ရီမိသွားသည်။ သူ့ရီသံကြားတော့ အကိုနှစ်ယောက်လုံး သူ့ဘက်လှည့်လာတာကြောင့်။ မျက်နှာပိုးသတ်ပေမဲ့ သတ်လို့မရပေ။ အောင့်ထားလေပိုရီချင်လေဖြစ်တာကြောင့် နှုတ်ခမ်းကိုက်ထားရလေသည်။

" ရီတယ်ပေါ့လေ လာ လာ လာ "

ရိပေါ်နဲ့ ဟိုင်ထန်ထိုင်နေသည့်ကုတင်ပေါ် ဟိုင်ချန်ပါတက်လာပြီး ရိပေါ်ကိုကလိဝိုင်းထိုးကြလေသည်။ ရိပေါ်လုံးဝသည်းမခံနိုင်တော့တာကြောင့် တဟားဟားအော်ရီရင်း ခေါင်းရင်းကခေါင်းအုံးနဲ့ သူ့အကိုတွေကိုရိုက်လိုက်၏။

သူ့အကိုတွေကလည်းခေါင်းအုံးတစ်လုံးစီယူကာ ပြန်ရိုက်တာမလို့ ကုတင်ပေါ်တွင် ခေါင်းအုံးရိုက်ပွဲကြီးကို တပျော်တပါးကြီးကျင်းပနေကြတော့၏။

ရိပေါ်ကိုတော့အားသုံးကာမရိုက်ကြပေမဲ့ သူတို့အချင်းချင်းတော့ ပယ်ပယ်နယ်နယ်ချနေကြတာကြောင့်မလို့ ' သေအောင်ရိုက်ကြမယ်ဟေ့! ' ဆိုပြီးကြွေးကြော်ထားသလားတောင်ထင်မိသွားသည်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now