ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၃

3K 309 10
                                    

Unicode

" ကျွန်မကိုဒီလိုပြောင်လိမ်လို့ရမယ်ထင်နေလား! ရှောင်းဖုန်း ရှင့်ကောင်မကိုခေါ်ထုတ်ပေး!! "

" သူမရှိတော့ဘူး "

" မုရှင်းချန်ကိုလာလှည့်စားလို့ရမယ်ထင်နေလား!! သူမရှိတော့ဘူးဆို နောက်တစ်ယောက်တော့ရှိအုံးမှာပဲ သူလား! "

ရိပေါ် မုန့်လက်ညှိုးကိုက်ပြီးပွဲကြည့်နေတုန်း သူ့ကိုလက်ညှိုးကြီးထိုးလာတဲ့ မုရှင်းချန်ကြောင့် လန့်ဖြန့်သွားရပြီး ရှောင်းကျန့်နောက်တောင်ဝင်ပုန်းမိလုလု။

" မင်းဘာတွေအရူးထနေတာလဲ အဲ့တာမင်းသားမက်! မင်းကိုယ်တိုင်ရွေးပေးထားတဲ့ မင်းသားမက်! "

ထိုအခါမှသူမရဲ့မျက်နှာကပျော့ပျောင်းသွားပြီး ရိပေါ်ကိုကြည့်နွေးထွေးစွာကြည့်လာသည်။ ရိပေါ်ကလည်း သူ့လက်ကလေးကိုဝေ့ယမ်းပြရင်းနှုတ်ဆက်လိုက်လေသည်။

" တွေ့ရတာဝမ်းသာပါတယ် အန်တီ "

" သားက ဝမ်ဝမ်လေးလား။ ဒီလိုပုံနဲ့ကြိုဆိုမိတဲ့အတွက် အမေအားနာပါတယ်ကွယ် "

ရိပေါ် ရပါတယ် ဆိုပြီးတောင်ပြောမိလုလု။ တော်သေးတာပေါ့ ပါးစပ်ကထွက်တော့မှာကို ဦးနှောက်အသိလေးကတားဆီးပေးလို့။

သူဘာမှမပြောပဲ ပြုံးပြလိုက်ပြီး စားပွဲပေါ်မေးတင်ရင်းသာ ပွဲဆက်ကြည့်နေလိုက်တယ်။ သူဒီတမနက်ထဲနဲ့ သိလိုက်ရတာအတော်များသွားပြီလို့တောင်ခံစားမိသွားတယ်။

ဘာလို့လဲဆိုတော့ စာအုပ်ထဲမှာ ရှောင်းကျန့်မိသားစုအကြောင်းအသေးစိတ်မှမရေးထားပဲ။ သူတို့မိသားစုကအရမ်းပျော်ရွှင်တဲ့မိသားစုလို့ပဲရေးထားတာလေ။ သူ့မိဘတွေကလည်း ဝါရင့်အနုပညာရှင်ကြီးတွေဆိုတာပဲပါတယ်။ ဒီလိုအရှုပ်တော်ပုံကြီးမပါတော့ သူသိလိုက်ရတာတွေက ရှော့ခ်ရစရာချည်းပဲ။

" အမေတို့ရန်ဖြစ်ချင်ရင် ခြံထဲသွားဖြစ်ကြပါလား ၊ ကျွန်တော်ရောဝမ်ဝမ်ရော လုပ်စရာ သွားစရာတွေရှိတယ် ခုထိမနက်စာစားမပြီးသေးဘူး "

" ကျွန်မပြန်တော့မယ် အိမ်ကိုရှင့်ကောင်မတွေထပ်မခေါ်လာနဲ့ "

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now