ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၇

2.1K 191 9
                                    

Unicode

ရှောင်းကျန့်ရဲ့ကြိုတင်အကြောင်းမကြားပဲ ရောက်ရှိလာမှုကြောင့် ရိပေါ်ကတော့ နေ့လည်စာကို ဖြစ်သလိုပင် Julian Hotel တွင်စားလိုက်ရတော့တယ်။ မောင်မင်းကြီးသား ရှောင်းကျန့်က သူနဲ့တွေ့ပြီးစကားနည်းနည်းပြောပြီးတာနဲ့ ချက်ချင်းကိုပဲ ဘိုကင်ချိတ်ထားတယ်ဆိုကာ သူ့ကိုနေ့လည်စာ အတင်းစားခိုင်းတော့တယ်။

သူစားချင်တာကဏန်းဖက်ထုပ်ဖြစ်ပေမဲ့ သူ့ရဲ့အသစ်စက်စက်ယောက်ျားကျေးဇူးနဲ့ ကဏန်းငံပုရာရည်စိမ်ကိုပဲစားခဲ့ရတော့တယ်။ အစိမ်းစားရမှာဆိုသေမလောက်ကြောက်တဲ့ရိပေါ်က ရှောင်းကျန့်ရဲ့မျက်စိဒေါက်ထောက်ကြည့်မှုအောက်မှာ ကဏန်းငံပုရာရည်စိမ်နှစ်အိုးစားခဲ့ရလေတယ်။

အရသာကတော့မဆိုးလှပေမဲ့ ကျန်းမာရေးနဲ့တော့ညီညွတ်မယ်လို့သူမထင်ပါ။ သူတို့ကတော့ အသားကိုကျက်အောင်လုပ်ပြီးမှစိမ်တယ်ပြောပေမဲ့ ရိပေါ်မျက်လုံးထဲတော့ အသားစိမ်းလို့ပဲမြင်သည်။ စားသုံးရန်မသင့်တော်ပေ။ ထို့ကြောင့် အစာကျေဆေးသုံးလုံးတောင်သောက်လိုက်ပြီး လမ်းလည်းများများလျှောက်လိုက်သည်။

ရှောင်းကျန့်ကတော့ သူလုပ်နေတာတွေကြည့်ပြီး သူ့အားအရူးလိုမျိုးသတ်မှတ်ထားပုံရသည်။

" ဝမ်ဝမ် ခဏလောက်ထိုင်ပါအုံးလား "

ရိပေါ်ကား သူပြောတာပြန်မဖြေ။ ဖြေဖို့လည်းအစီအစဉ်မရှိပါ။ ရိပေါ်ဘာမှပြန်မဖြေတာမလို့ ရှောင်းကျန့်ကလည်း ဘာမှဆက်မမေးလာတော့ပဲ ဖတ်လက်စ မဂ္ဂဇင်းကိုသာဆက်ဖတ်နေလေသည်။

ဖူယွမ့် သူ့ကုမ္ပဏီကကိုယ်စားလှယ်ရဲ့အတင်းစေခိုင်းမှုကြောင့် နေ့လည်ခင်းကြီးမှာပဲ ရှောင်းကောရဲ့ဗီလာကိုရောက်လာရတော့တယ်။ ပြောရမယ်ဆို သူ့မှာအားတဲ့အချိန်ဆိုလို့ နေ့လည်စာစားချိန် တစ်နာရီပဲရှိတာ။ အဲ့တာတောင် မပြီးပြတ်သေးတဲ့ကိစ္စတွေကြောင့်မလို့ အပြည့်အဝအနားရတာမဟုတ်။

ရွှေအဆင့်မင်းသားကို ကိုင်ထားတဲ့မန်နေဂျာတွေထဲသူပဲအလုပ်အများဆုံးနေမှာ။ သူနဲ့ကုမ္ပဏီတူ မန်နေဂျာဖြစ်တဲ့နျိုနွမ်လည်းသူ့လိုရွှေအဆင့်မင်းသမီးကို ကိုင်ထားတာပါပဲ။ ဒါပေမဲ့သူ့လောက်တော့အလုပ်မများဘူး။ မများတာမှ ပြီးခဲ့တဲ့ရက်ကပဲ သူ့အမေအိမ်ပြန်သွားသေးတယ်။ သူပဲအလုပ်များနေတာ သမ္မတရဲ့ကိုယ်ရေးအရာရှိတောင်သူ့လောက်အလုပ်များမယ်မထင်ဘူး။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now