ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၈

1.9K 174 3
                                    

Unicode

ရိပေါ်ရဲ့ဆန္ဒအတိုင်း ရှောင်းကျန့်ကကျောင်းလိုက်ပို့တဲ့အပြင် အပြန်လာကြိုမယ်လို့ပါပြောသွားတာကြောင့် ရိပေါ်အပျော်ကြီးပျော်ကာ ‌လမ်းလျှောက်တာတောင်လေထဲမြောက်ချင်သလိုလို။

စဉ်းစားကြည့်လေ ရွှေဆုရအဆင့်တစ်သရုပ်ဆောင်ကသူ့ကိုအကြိုအပို့လုပ်တယ်တဲ့ ဟိဟိ။ ကျောင်းကမိန်းကလေးတွေသိရင် အားကျမဲ့ဖြစ်ခြင်း။

ရိပေါ်မြှောက်ကြွကြွနဲ့ကျောင်းထဲဝင်လာတုန်း သူ့ပခုံးကိုလာဖက်တဲ့လူကြောင့် မသိစိတ်ကအလိုအလျောက်တုန့်ပြန်မိသွားကာ ပခုံးပေါ်ကထိုလူ့လက်ကိုဆွဲပြီး မြေပြင်ပေါ်ပစ်ပေါက်လိုက်သည်။

" အားယိုး!! သေပါပြီ ရှောင်ကျယ်ကျယ်ရာ! "

ရိပေါ်ထိုအခါမှသူ့ကိုလာကိုင်တဲ့လူက ပတ်ခ်ဂျယ်ယောင်းနေဖြစ်နေမှန်းသိလိုက်ရပြီး အားနာမိသွားသည်။  သူဂျယ်ယောင်းကိုတောင်းပန်လိုက်ကာ ခါးအတွက်ပလာစတာလည်းဝယ်ပေးလိုက်ပြီး အတန်းထဲကိုကူတွဲခေါ်လာရသည်။ သူပစ်ပေါက်တာအားများသွားတယ်ထင်ပါ့။

ဒီကိစ္စကိုသူနဲ့ဂျယ်ယောင်းပဲသိတယ်ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကျောင်းသူတချို့ကပါတွေ့လိုက်ပြီး ကျောင်းဝက်ဘ်ဆိုက်ထဲတင်လိုက်တာကြောင့် လူတိုင်းနီးပါးသိကုန်ကြသည်။

" ဟဲ့ ပတ်ခ်ဂျယ်ယောင်းကြီးပစ်ပေါက်ခံလိုက်ရတယ်!! "

" ဘာဖြစ်တယ်!! "

" ဘာ!! ပတ်ခ်ဂျယ်ယောင်းကလေ! ဘယ်သူပေါက်တာလဲ "

" ဝမ်ရိပေါ်ထုံရွှယ်! "

" ဟုတ်ရဲ့လား "

" ဟုတ်ပါတယ်ဆို! ဒီမှာ ဒီနှစ်ယောက်သိတယ်မလား သူတို့က ကျောင်းဝန်းထဲမှာ ဘလော့ရိုက်နေတာ သူတို့ရိုက်နေတဲ့အ‌ချိန်မှာ ပစ်ပေါက်ခံလိုက်ရတာတွေ့လိုက်တာတဲ့ video ပါရှိတယ်ကြည့်အုံးမလား "

" ပြစမ်းပါဟယ် "

ထိုကျောင်းသူလေးသည် ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ video ကို တခြားကျောင်းသူလေးထံဖွင့်ပြလိုက်၏။

" ကျယ်မေ့တို့! စာကြိုးစားပြီး ကျန်းယွီတက္ကသိုလ်ကိုလာခဲ့ကြ! ကန်တင်းက ရှောင်လုံပေါင်းကစောက်ရမ်းအရသာရှိတယ် နောက်ပြီး...ဟဲ့ ဟဲ့ ဟိုဟာ ဂျယ်ယောင်းဆန်းဘေးမလား! "

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now