ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၆

2.6K 258 13
                                    

Unicode

" Queen ငါမင်းကိုသေချာပြောထားရက်နဲ့ ရအောင်သော့ခတ်သွားသေးတယ် "

" အိုး ဆောရီးပါဟာ ပုံမှန်အိမ်ကနောက်ဆုံးထွက်တဲ့လူကငါဆိုတော့ အကျင့်ပါနေတာ "

ဂျယ်ယောင်းမျက်နှာကသုန်မှုန်နေပြီး ဘာမှပြောချင်စိတ်မရှိတော့သည့်နှယ်။ အဲ့တာကိုမြင်သည့် Philip ကထင်သည့်အရာကိုမှန်းပြီးပြောလိုက်၏။

" ဂျယ်ယောင်း မင်းပုံစံကြီးကလည်း ဘူနေတဲ့ရုပ်ကြီး Rani သော့ပိတ်သွားလို့တော့မဖြစ်နိုင်ဘူး။ ဘာလဲ မနေ့က ကလပ်မှာ Cecilia နဲ့သူ့စပွန့်ဆာဘဲကြီးကိုတွေ့လိုက်ရလို့လား "

ပတ်ခ်ဂျယ်ယောင်း : " .......... "

" လာနောက်နေတာလား! "

ဂျယ်ယောင်း သူတို့ရှေ့တန်းမှာဝင်ထိုင်လိုက်ပြီး နောက်ကိုလှည့်ကာ စကားဆက်လိုက်၏။

" ငါမနောက်ဘူး တကယ်တွေ့ခဲ့ရတာ ၊ Shilba! သူ့စပွန်ဆာကဘယ်သူလဲသိလား ၊ ‌ဝါရင့်သရုပ်ဆောင်ကြီး ရှောင်းဖုန်းလေ! "

" ဖူး! အဟွတ်! အဟွတ်! "

ရိပေါ်ကဘာမှဝင်မပြောပဲ သူတို့သုံးယောက်ပြောတာကိုသာနားထောင်နေတာဖြစ်တယ်။ သူပြောမိလို့အမှားပါရင်သတိထားမိသွားမှာစိုးတာမလို့ Rani ယူလာသည့် လာဒူကိုသာ စားကောင်းကောင်းနဲ့ လေးငါးလုံး သွပ်ထည့်နေတာဖြစ်တယ်။ အဲ့တာကိုမှနားထောင်နေရင်းကြားလိုက်ရတဲ့နာမည်နှစ်လုံးကြောင့် ပါးစပ်ထဲကမုန့်တွေအကုန်ပြန်ထွက်ကုန်ပြီး နှာခေါင်းထဲပါဝင်ကုန်တော့တယ်။

" ရှောင်ကျယ်! အဆင်ပြေရဲ့လား! "

ရိပေါ်ခေါင်းခါပြလိုက်တာမလို့ ရေပြေးဝယ်ပေးသူကဝယ်ပေး ကျောထုပေးသူကထုနှင့် သူတို့နောက်ဆုံးတန်းလေးအလုပ်ရှုပ်သွားရတော့တယ်။

နှာခေါင်းထဲပါဝင်ကုန်တာမလို့ ရိပေါ်မျက်ရည်တွေပါကျလာရသည်။

ဒါမျိုးကအစာစားနေရင်းအသက်ရှူလို့ဖြစ်တာ။ ဝမ်ရိပေါ်မှတ်ပြီလား။ မင်းဂျူနီယာတွေကိုအဲ့လိုခဏခဏဖြစ်လို့ဆူချင်အုံး။ အခုတော့ မင်းကိုယ်တိုင်ဖြစ်နေပြီမလား ဟမ်!

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now