ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁

4.8K 391 18
                                    

Unicode

သူဆိုဖာပေါ်မှာထိုင်နေရင်း ‌သူ့ရဲ့ခေါင်းကိုသူ့ဘာသူနှိပ်နယ်နေမိတယ်။ ကိစ္စတွေကမြန်ဆန်လွန်းတာကြောင့်မလို့ IQ မြင့်လွန်းတဲ့သူတောင်လိုက်မမှီနိုင်တော့ဘူး။

သူသေချာပေါက် ညကဆေးရုံရဲ့နားနေခန်းမှာအိပ်နေတာ။ ညကလူနာအရမ်းများတာမလို့ တာဝန်ကျဆရာဝန်တွေကိုပါကူညီရင်း အိမ်မပြန်ဖြစ်တော့ပဲ ဆေးရုံမှာအိပ်လိုက်တာဖြစ်တယ်။ ဒါပေမဲ့သူနိုးလာတော့ ဆေးရုံမဟုတ်ပဲ နန်းတော်လိုကြီးတဲ့အိမ်ကြီးထဲမှာမလို့ နားလည်ရတော်တော်ခက်သွားတယ်။

အဲ့လိုနားလည်ရခက်နေတုန်းကို ရှောင်းကျန့်ဆိုတဲ့ ငနဲရောက်လာပြီး အတင်းဆောင့်ဆွဲ လက်ထပ်မှတ်ပုံတင်လိုက်မှ သူအသိတရားဝင်သွားတယ်။

သေချာတယ်! သူ ဝတ္ထုထဲရောက်လာတာ!!!

" ဝမ်ယွင့်ဇီ! ငါပြန်လာတာနဲ့ နင်အသေပဲ!! "

သူကျိန်းဝါးနေလည်း ဘာမှမထူးဘူး။ ဘယ်ထူးပါ့မလဲ! သူကဝတ္ထုထဲမှာလေ။ သူ့ညီမကတကယ့်ကမ္ဘာမှာ! ထားလိုက်ပါတော့။

သူစိတ်တိုလွန်းတာမလို့ မျက်နှာကိုသာလက်နဲ့ယပ်ခတ်နေလိုက်သည်။

" သခင်လေး ရိပေါ် မနက်စာစားလို့ရပါပြီ "

" မစားဘူး! ဘာမနက်စာလဲ! စားချင်ကိုယ့်ဘာသာစားကြ! ဒီလောင်ဇီစိတ်တိုနေတယ်!!

သူအော်ထုတ်လိုက်တာကြောင့် သူ့ကိုဘယ်သူမှလာမခေါ်တော့ချေ။

နေပါအုံး။ သူတို့ကငါ့ကိုရိပေါ်လို့ခေါ်တာလား။ ဒီကိုယ်ပိုင်ရှင်က ဝမ်ရိပေါ်လား။

!!!!!

သူမှန်ရှေ့အပြေးအလွှားသွားရပ်ပြီး သူ့ကိုယ်သူကြည့်လိုက်တော့ သူ့ရဲ့တကယ့်ရုပ်ရည်အတိုင်းမလို့ သက်ပျင်းချလိုက်တယ်။ တော်သေးတာပေါ့။

ဒါဆို ငါက အမြှောက်စာဇာတ်ကောင်လေးလား?

ရှောင်းကျန့်က ကွာရှင်းမယ်ပြောတာကို ငိုယိုပြီး ခြေသလုံးဖက်ဆွဲရမဲ့ အမြှောက်စာလေးလေ?

ပြီးမှ မတတ်သာလို့ကွာပေးလိုက်ရပြီး ဗီလိန်အဖြစ်ပြောင်း ၊ ပြောင်းပြီး ရှောင်းကျန့်နဲ့သူ့ချစ်သူကိုဒုက္ခလိုက်ပေးပြီးမှ ရှောင်းကျန့် သတ်တာခံရမဲ့ အနုတ်စုတ် ခွက်စုတ် ဗီလိန်လေးပေါ့?

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now