ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၂

1.7K 200 9
                                    

Unicode

ရိပေါ် သူ့အကိုကြီးကနေ့လည်စာဝယ်ကျွေးမယ်ဆိုတာကြောင့် ပျော်ရွှင်စွာနဲ့ပဲ လိုက်သွားပြီး သူ့အကိုကြီးကိုနှိပ်စက်ဖို့အတွက်တွေးထားတယ်။

သူဒီကမ္ဘာကိုစရောက်ထဲက တခြားလူတွေနဲ့ အကုန်အဆင်ပြေပြီး နီးကပ်ခဲ့ပေမဲ့ သူ့အကိုကြီးနဲ့ကျ တအားဝေးကွာနေသလိုခံစားရတာကြောင့် သူလည်း ဝေးဝေးသာနေခဲ့တယ်။

အဲ့တာကြောင့် ဒီနေ့မှာတော့ သူ့အကိုကြီးနဲ့ ရင်းနှီးအောင်လို့ကြိုးစားရမယ်။

" ကိုကြီး ရှောင်ကျယ် *** Shopping Mall ကိုသွားချင်တယ် "

" ရှောင်ကျယ်လိုချင်တာရှိလို့လား "

" en! ရှောင်ကျယ် ဟိုနေ့ကဝေ့ပေါ်မှာ ဖိနပ်လှလှလေးတစ်ခုတွေ့ခဲ့တယ် အဲ့တာလေးလိုချင်လို့ "

" အင်း ပြီးတော့ရော "

" အာ မရှိတော့ဘူး "

" ဘာလိုချင်သေးလဲ စဉ်းစားလိုက်အုံး "

ဘာလိုချင်သေးလဲဆိုရင် စော်ချောချောလေးသုံးယောက် ಠ⁠∀⁠ಠ

အပြင်မှာတော့ထုတ်မပြောရဲဘူး။ တော်ကြာနေ သူ့ကိုကားမောင်းနေရင်းပိတ်တီးလိုက်မှ နှစ်ယောက်လုံး မာလကီးယားသွားမယ်။

ရိပေါ် *** Shopping Mall ကိုရောက်တော့ အရင်ဆင်းနှင့်ပြီး သူ့အကိုကြီးကားပါကင်ထိုးတာ‌ကိုစောင့်နေလိုက်တယ်။

အစကတော့ သူကျောင်းဝတ်စုံဝတ်ထားပေမဲ့ အပြင်သွားဖို့အတွက် အိမ်မှာ အဝတ်အစားလဲခဲ့တာကြောင့် သူ့ကိုလူတိုင်းက ကွက်ကြည့်ကွက်ကြည့်။

ကြည့်တာလည်းမပြောနဲ့လေ။ ဝမ်ရိပေါ်ဝတ်ထားတဲ့ ဖိနပ်တစ်ရံတင်ပဲ သိန်းကိုထောင်နဲ့ချီတာကိုး။ တကယ်တော့ သူလည်း တန်ဖိုးကိုကြည့်ပြီးဝတ်ခဲ့တာမဟုတ်ဘူး။ တွေ့ရာကောက်စွပ်လာခဲ့တာ။

" ရှောင်ကျယ် သွားကြမယ် "

" ဟုတ် ကိုကြီး "

ရိပေါ် သူ့အကိုလက်ကိုချိတ်ပြီး မောလ်ထဲဝင်သွားတာကို သူများတွေက စပ်စုသလိုကြည့်နေပေမဲ့လည်း ရိပေါ်ကတော့ မသိချင်ယောင်သာဆောင်ထားသည်။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now