ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၃

1.9K 180 8
                                    

Unicode

ဒီနေ့စာမေးပွဲရှိတာကြောင့် ရိပေါ်မနက်အစောကြီးထပြီး စာပြန်ကြည့်နေတာဖြစ်တယ်။ သူစာမေးပွဲရှိလို့လားမသိ အိမ်ကယုန်အိုကြီးက ညကသူ့ကိုအလွှတ်ပေးလိုက်ပြီး စောစောအိပ်ခိုင်းသေးတယ်။

အခုလည်း သူစားဖို့ဆိုပြီး မနက်စာထပြင်ပေးနေတာကြောင့် ရိပေါ်အနည်းငယ်တော့ လန့်နေပေမဲ့လည်း ကျေးဇူးတင်စွာနဲ့ပြင်ပေးထားတာကိုစားဖို့တွေးပြီးပြီဖြစ်တယ်။

နောက်ထပ်ထူးဆန်းသေးတာက ဒီတစ်ခေါက်ခရီးသွားတာ ဘာအရှုပ်ဇယားမှထွက်မလာတာပဲ။ ပုံမှန်ဆို အခုအချိန်မှာ ဟွမ်မျိုးရိုးမင်းသမီးနဲ့ ဒိတ်တင်သတင်းထွက်လာရမှာ။

" ဝမ်ဝမ် ကိုကိုရေချိုးပြီးရင် မနက်စာစားဖို့သွားကြမယ်နော် "

" အွန်း ၊ မြန်မြန်ချိုးနော် ကိုကို "

" ရွှတ်! ငါးမိနစ်ပဲ "

" အာ...ငါးမိနစ်ကနည်းတယ်လေ ဆယ့်ငါးမိနစ်တော့ချိုးပါ "

" ဝမ်ဝမ့်သဘော "

ရိပေါ် စာကြည့်စားပွဲကနေထလိုက်ပြီး ဗီရိုနားသွားကာ ရှောင်းကျန့်ဝတ်ဖို့အတွက် အင်္ကျီနဲ့ဘောင်းဘီကိုထုတ်ပြီး ကုတင်ပေါ်တင်ထားလိုက်၏။

ဒင်းက ရေချိုးပြီးရင် အင်္ကျီထုတ်ပေးထားမှဝတ်တာ။ မဟုတ်လို့ကတော့ သဘက်တစ်ထည်နဲ့လျှောက်သွားနေလိမ့်မယ်။

ပြီးနောက် လက်စနဲ့ ကုတင်ပေါ်မှာအပုံလိုက်ဖြစ်နေတဲ့ စောင်ကိုပြန်ခေါက်လိုက်ပြီး ခေါင်းအုံးတွေကိုလည်းနေရာပြန်ချလိုက်၏။

" ဝမ်ဝမ် "

" ဟင်! ငါးမိနစ်တောင်မရှိသေးဘူးလေ "

" ‌မဟုတ်ဘူး ကိုကို့သဘက်ကျန်ခဲ့လို့ "

" အင်းအင်း ခဏလေး "

ရိပေါ် သဘက်တစ်ထည်ကို စင်ပေါ်ကနေယူလိုက်ကာ ရှောင်းကျန့်ကိုသွားပေးလိုက်သည်။ ရှောင်းကျန့်ကလည်း လှမ်းယူလိုက်ပေမဲ့ သဘက်ကိုယူတာမဟုတ်ပဲ သူ့ကိုအထဲဆွဲသွင်းလိုက်တာကြောင့် သူလန့်ပြီးအော်မိသွား၏။

" ရှူး! ရေတူတူချိုးဖို့ခေါ်တာပါကွာ။ မသိရင်ကိုကိုကမတရားအနိုင်ကျင့်တော့မှာကျနေတာပဲ "

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now