ခွင့် (၂)

1.8K 115 6
                                    

"မင်္ဂလာပါ ဒေါက်တာ"
"မင်္ဂလာပါ ခင်ဗျ"

လာနှုတ်ဆက်တဲ့နာစ့်မလေးကိုအပြုံးနဲ့ပြန်နှုတ်ဆက်ရင်းနားနေခန်းဆီသို့လှမ်းလာခဲ့သည်။
အခန်းထဲရောက်တော့စားပွဲပေါ်မှာ ရေခဲမပျော်‌သေးတဲ့ ကော်ဖီ တစ်ခွက်နှင့်အတူ ဘေးမှာ ဖန်တုံးနဲ့ဖိထားတဲ့ note စာရွက်လေး

"ကိုကိုသွားနှင့်ပြီနော် ကားဖြေးဖြေးမောင်းခဲ့"

note စာရွက်ကလေးကိုအံဆွဲထဲထည့်လိုက်ပြီး ဂျူတီကုတ်ကိုချွတ်ကာ ထိုင်ခုံနောက်ကျောမှာလွှားထားလိုက်သည်။ ထို့နောက်ထိုင်ခုံပေါ်မှာထိုင်လိုက်ပြီး ခေါင်း‌ကိုနောက်လှန်ချလိုက်ကာ မျက်စိကိုစေ့ပိတ်ပြီးခဏတာအနားယူလိုက်သည်။
တစ်ညလုံးပြေးလွှားသွားလာနေရသမျှ အနားယူရတဲ့အချိန်ကျမှ တစ်ကိုယ်လုံးတောင့်ခဲပြီး ထုံကျင်နေတာကိုသတိထားမိတာကြောင့် ဘယ်‌နားကစပြီး ညည်းရမှန်းပင်မသိတော့။ အိပ်ရေးကလည်းမဝသဖြင့်ခေါင်းကသိပ်မကြည်။ ဒီအတိုင်း‌သာ နောက်ဆယ်မိနစ်လောက်နေလိုက်ရင်အိမ်‌ပြန်မရောက်ပဲဆေးရုံမှာပင်အိပ်ပျော်သွားနိုင်‌လောက်သည်။ စားပွဲပေါ်မှရေခဲအရည်ပျော်စပြုနေတဲ့ကော်ဖီခွက်လေးကိုယူပြီးသောက်လိုက်တော့မှ အနဲငယ်နေသာထိုင်သာရှိသွား‌သည်။
ရေခဲအေးအေး ကော်ဖီခါးခါးရဲ့အရသာအပြင် သံပုရာသီးအနံ့သင်းသင်းလေးကြောင့် သူ့အာရုံကြောတွေအခုမှပဲအပြည့်အဝနိုးကြားသွားတော့သည်။
ice americano ကိုမှသံပုရာသီးအနဲငယ်ထည့်သောက်တတ်တဲ့သူ့အကြိုက်ကို ကိုကိုကဘယ်တော့မှမမေ့ပေ။
သူ့အပေါ်အသေးစိတ်ကအစအမြဲတမ်းဂရုတစိုက်ရှိတတ်တဲ့ကိုကို့အကြောင်းတွေးမိတော့ နှုတ်ခမ်းဖျားများကအလိုလိုကော့ညွှတ်မိလျှက်သား။

ထို့နောက် laptop ထည့်ထားသော‌  ကျောပိုးအိတ်ထဲသို့ပိုက်ဆံအိတ်ပါထည့်လွယ်ပြီး ဖုန်းနဲ့ဂျူတီကုတ်ကတစ်ဖက် ကော်ဖီခွက်နဲ့ကားသော့ကိုတစ်ဖက်စီကကိုင်ကာ
လမ်းမှာနှုတ်ဆက်လာသမျှလူတိုင်းကို မူပိုင်အပြုံးလေးနဲ့နှုတ်ဆက်ရင်းcar parking သို့ထွက်လာလိုက်သည်။ ဒီနေ့တော့ကိုကို့မွေးနေ့ရှိတာကြောင့်ဘယ်ကိုမှမဝင်‌တော့ အိမ်ကိုပဲတန်းပြန်မည်။

ခွင့်Where stories live. Discover now