ခွင့် (၃)

1.1K 109 16
                                    

"ဟေ့ ဟိုတစ်ယောက်
မင်းသူများရန်ဖြစ်တာကိုကြည့်ပြီးသွားရင်လဲ သကြားလုံးလေးခွာကူပေးသွားအုံး လက်နာလို့"

ကားစီသွားမလို့လုပ်နေတဲ့ Gem ရဲ့ခြေလှမ်းတွေက Fourth Natawatt ဆိုသူရဲ့စကားကြောင့်တုံ့ခနဲ့ရပ်သွားသည်။
ပန်းအိုးအကွဲတွေကြားမှာ ‌ဒူးနှစ်ဖက်ကိုခပ်ခွဲခွဲထောင်ထားပြီး ဒူးတစ်ဖက်စီပေါ်ကိုတံထောင်ဆစ်တင်ကာထိုင်နေသူကတော့ မကြာသေးခင်ကမှသောင်းကျန်းထားတာသူမဟုတ်သလိုခပ်ပြုံးပြုံးမျက်နှာဖြင့် Gem ကိုကြည့်နေလေသည်။
Gem လည်းလူဆိုးလားလူကောင်းလားမသိတာကြောင့်ကျော်သွားရန်သာဆုံးဖြတ်လိုက်သည်။ ထို့နောက်  သူ့ကိုလျစ်လျူရှုရင်း ဘေးမှဖြတ်သွားပြီး ကားရဲ့ lover seat ဘက်အခြမ်းကတံခါးကိုဖွင့်ကာ ကိတ်ဘူးကိုတင်လိုက်သည်။
ကားတံခါးကိုပြန်ပိတ်ပြီး driver seat ကိုသွားမလို့လုပ်နေစဉ်မှာပဲ ခဲလုံးသေးသေးတစ်ခုကသူ့နောက်ကျောကိုလာရောက်ထိမှန်သည်။ ဂရုမစိုက်ပဲဆက်သွားရန်ပြင်တော့ နောက်ထပ်ခဲ‌သေးသေးတစ်လုံးကထပ်ရောက်လာပြန်သည်။

ဒါတော့များသွားပြီ .....

အလုပ်ပင်ပန်းလို့အိမ်ပြန်နား‌ချင်နေကာမှ ရန်ပွဲနဲ့တည့်တည့်တိုးရသည့်အပြင် ဘယ်ကမှန်း ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်က လူကိုချာတိတ်တစ်ယောက်လိုပြုမူစနောက်နေတာကိုခံလိုက်ရတော့ Gem စိတ်ထဲမှာဖျင်းခနဲ။
ဒါကြောင့်Fourth Natawatt ဆိုသူနဲ့သုံးလေးလှမ်းအကွာသို့လျှောက်သွားလိုက်ပြီး

" ခင်ဗျားဘယ်သူလဲဆို‌တာကျွန်တော်မသိဘူး ဒါပေမယ့် ခင်ဗျားကယဉ်ကျေးမှုမရှိတဲ့လူတစ်ယောက်ဆိုတာတော့အခုပဲကျွန်တော်သေချာသိသွားပြီ
ပြီးတော့ ကျွန်တော်ခင်ဗျားတို့ရန်ပွဲကိုစပ်စုချင်လို့တမင်ရပ်ကြည့်နေခဲ့တာမဟုတ်ဘူး .....
ကျွန်တော်သွားမယ့်လမ်းမှာခင်ဗျားတို့ ရန်ဖြစ်နေကြလို့ ‌လာလို့အဆင်မ‌ပြေလို့ရပ်နေရုံပဲ
ခင်ဗျားတောင်းတဲ့အကူညီကိုပေးဖို့လဲကျွန်တော်စိတ်မပါဘူးသွားလိုက်ပါအုံးမယ်"

ပြောပြီးတာနဲ့နေရာကလှည့်ထွက်လာလိုက်သည်။

"ယဉ်ကျေးမှုဆိုတာက ကျိန်းသေပေါက်ရှိမှရမယ့်အရာမို့လို့လား....
ကိုယ့်ရှေ့မှာ ဒဏ်ရာရနေတဲ့လူကိုမသိချင်ယောင်ဆောင်ပြီးလှည့်ထွက်သွားရင်
မင်းလည်းအဲ့ဒီယဉ်ကျေးမှုဆိုတာရှိတဲ့လူဖြစ်ပါအုံးတော့မလား ဒေါက်တာ ......"

ခွင့်Where stories live. Discover now