ခွင့် (၁၆)

1K 110 39
                                    

"ဖေဖေရေ Gem Gem ရောက်လာပြီ"

Gem ပေါ်တီကိုအောက်မှာကားရပ်လိုက်တာနဲ့တစ်ပြိုင်နက် အန်တီ Noei က အပြေးလာကြိုသည်။ ဧည့်ခန်းထဲမှာ Fourth နဲ့အတူတူထိုင်ပြီးလက်ဖက်ရည်သောက်နေတဲ့ အဖိုး Min ကိုလည်းလှမ်းသတင်းပို့လိုက်‌သေးသည်။
Gem ကားပေါ်ကဆင်းပြီး အန်တီ Noei ကိုပွေ့ဖက်နှုတ်ဆက်လိုက် တော့  Gem ကိုလည်းဝမ်းပန်းတသာနဲ့ ပြန်လည်ပွေ့ဖက်နှုတ်ဆက်ရှာသည်။ Gem တို့ငယ်ငယ်လေးထဲက ကြည့်ရှုစောင့်ရှောက်ပေးလာတဲ့ အန်တီ Noei က Gem နဲ့ ကိုကို့အတွက်တော့ တကယ့်ကိုအဒေါ်အရင်းတစ်ယောက်လိုပင်။

"အန်တီ နေကောင်းရဲ့လား ကိုကိုရော သားရောသတိရနေတာ အလုပ်တွေမအားလို့သာမရောက်ဖြစ်ကြတာ"

"ကောင်းပါတယ် Gem Gem ရယ်
အန်တီလည်း သားတို့ကိုသတိရနေတာပါ
ငါ့သားလေးကပိန်သွားလိုက်တာဟယ် မျက်နှာလေးသေးသေးလေးပဲကျန်တော့တယ် Phi Jong တို့ ကလေးတွေကိုအလုပ်တွေဘယ်လောက်တောင်ခိုင်းနေလဲမသိဘူး ပင်ပန်းလားကလေး"

"မပင်ပန်းပါဘူးဗျာ ဒီလောက်ကတော့ အပျော့"

အန်တီ Noei ရဲ့အမေးကို Gem ကလက်မောင်းတစ်ဖက်ကွေးပြရင်းပြုံးစိစိနဲ့ ပြန်ဖြေသည်။

"ဒီကောင်လေးကတော့လေအမြဲတမ်းပြောင်ချော်ချော်နဲ့.....ကဲလာ အထဲဝင် သားအဖိုးက သားတို့လာမယ်ဆိုလို့ မနက်ထဲကတက်ကြွနေတာ Fourth လေးလဲရောက်နေပြီ
နှစ်ယောက်သား လက်ဖက်ရည်သောက်ရင်းနဲ့ သား ကို ထမင်းအတူတူစားကြရအောင် စောင့်နေကြတာ"

"ဟုတ်ကဲ့ သားလဲဗိုက်ဆာနေပြီ"

"ကဲ ဒါဖြင့်လဲလာ"

Gem ကမေမေထည့်ပေးလိုက်တဲ့လက်ဆောင်တွေကိုတစ်ဖက်ကဆွဲပြီး တစ်ဖက်ကအန်တီ Noei ပုခုံးလေးကိုဖက်ကာ ဧည့်ခန်းထဲဝင်လာခဲ့လိုက်သည်။ Gem ဝင်လာတာမြင်တော့ မျက်နှာချင်းဆိုင်ထိုင်ရင်း စကားပြောနေတဲ့ အဖိုး Min နဲ့ Fourth ကပြိုင်တူလှည့်ကြည့်လေသည်။

"သား ရောက်လာပါပြီ အဖိုး
Fourth ကျွန်တော်ရောက်ပြီနော်"

"ဟော မွေးစားမြေးလေးရောက်လာပြီလားကွ ထိုင်လေကွာ"

အဖိုး Min ရဲ့နှုတ်ဆက်စကားကြောင့် Gem ကနှာခေါင်းရှုံ့ကာ Fourth ဘေးကိုဝင်ထိုင်လိုက်ရင်း

ခွင့်Where stories live. Discover now