ခွင့် ၃၅

1K 96 12
                                    

စိတ်ဆင်းရဲတယ်
စိတ်ပင်ပန်းတယ်
စိတ်မလုံခြုံဘူး.......

အခုတလော နေ့ရက်တိုင်းဟာ ဒီခံစားချက်တွေနဲ့သာပြည့်နေတာမလို့ Phet အတွက် အသက်ရှင်နေရတာ အကျဉ်းကျနေသလိုပင်......

CEO ‌ရာထူးကထုတ်ပယ်ခံလိုက်ရတဲ့အပြင် လက်ရှိ CEO ကပါ လုပ်ငန်းခွင်ပေါ့လျော့မှု မတော်တဆအသက်ဆုံးရှုံးစေမှုနဲ့တရားစွဲထားသေးသည်ဖြစ်ရာ Phet မှာပြည်ပထွက်သွားချင်တာတောင်မှ ခရီးထွက်ခွင့်ပိတ်ခံထားရ၍ဘယ်ကိုမှသွားလို့မရ......

ဒီကြားထဲ Gemini Norawit ကိုကားနဲ့တိုက်သက်ခိုင်းထားတဲ့ကိစ္စကမအောင်မြင်တဲ့အပြင် ကားသမားကပါပျောက်နေတာကြောင့် Phet မှာတစ်ပူပေါ်တစ်ပူဆင့်ပြီး နေလို့ထိုင်လို့မရ.......ဒီကားသမားသာ Titicharoenrak မျိုးရိုးရဲ့လက်ထဲရောက်သွားလို့ကတော့ Phet Tinaphont Chapthalom ရဲ့ဘဝဟာ အဖတ်ဆည်စရာမကျန်အောင်ရေဆုန်မျောရပေတော့မည်.....

အခုဆို ဘယ်အချိန်များ Phet ကိုလက်ထိပ်လာခတ်မလဲဆိုတာတွေးကြောက်နေရတာမို့ ညဘက်တွေဆိုသိပ်တောင်မအိပ်ဖြစ်တော့ပေ......

တစ်ချိန်လုံးတရားရုံးကဆင့်ခေါ်တဲ့ရုံးချိန်းတွေသွားလိုက် ရှေ့နေနဲ့သွားတွေ့လိုက် ပြီးတော့ Kyan ရဲ့ bar အပေါ်ထပ်မှာရှိတဲ့ဒီအခန်းလေးထဲပြန်လာလိုက် နဲ့လုံးလည်ပတ်ချာလိုက်နေရသည်မို့ လူကရူးချင်ချင်ပင်‌ဖြစ်နေလေပြီ......

"လျော.....ဒေါက်.......လျော.....ဒေါက်.......လျော......ဒေါက်......လျော.....ဒေါက်"

ကော်ရစ်ဒါအတိုင်းနင်းလျှောက်လာတဲ့ ခြေသံခပ်လေးလေးကြောင့် Phet ကြက်သီးတွေတဖျန်းဖျန်းထလာသည်....
Kyan ထောင်ကျသွားကတည်းက ပိတ်ထားခဲ့တာမို့ ဧည့်သည်မလာတာအတော်ကြာပြီဖြစ်တဲ့ဒီ bar မှာလူနဲ့တူတာဆိုလို့ Phet တစ်ယောက်သာရှိသည်.....
အတွင်းကျကျရင်းနှီတဲ့လူအချို့ကလွဲရင်ဒီအခန်းမှာ Phet လာနေတယ်ဆိုတာဘယ်သူမှမသိ......

"လျော.....ဒေါက်"

တစ်စုံတစ်ရာကို တရွတ်တိုက်ဆွဲလာသံနဲ့အတူခပ်မှန်မှန် ခပ်လေးလေးထွက်ပေါ်နေတဲ့ခြေသံက Phet ရဲ့အခန်းဝမှာရပ်တန့်သွားသည်......

"ဒေါက်.......ဒေါက်.....ဒေါက်"

ထို့နောက်တစ်ဆက်ထဲပေါ်ထွက်လာတဲ့တံခါးခေါက်သံ......

ခွင့်Where stories live. Discover now