ခွင့် (၃၀)

1K 89 54
                                    

"မအိပ်သေးဘူးလားအစ်ကို"

ဝရံတာကိုလက်ထောက်ပြီး ခြံထဲငေးနေတုန်း ခါးကိုဖက်တွယ်လာတဲ့လက်သွယ်သွယ်လေးတွေကြောင့် Pond နောက်လှည့်ကြည့်မိမတတ်ဖြစ်သွားပေမယ့် အချိန်မီပြန်ထိန်းကာ အရှိန်သက်လိုက်နိုင်လေသည်....

Pond Naravit က Phuwin Norawit လေးကိုစိတ်ဆိုးနေတယ်.....

"ဘယ်သူက Khun အစ်ကိုလဲ
ဒီနားမှာ Khun Phuwin ရဲ့အစ်ကိုမရှိပါဘူးခင်ဗျ"

ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်တော့ သဲ့သဲ့လေးထွက်လာတဲ့ ရယ်သံချိုချိုလေးကညင်ညင်သာသာ တိုးတိုးငြှင်းငြှင်းရှိလွန်းလှသည်မို့ ဟန်ဆောင်စိတ်ဆိုးနေတဲ့ Pond ရဲ့စိတ်ကယိုင်လုလု......

Pond Naravit ရေခဏလေးတောင့်ထားပါအုံး ဟိုကဘာမှမပြောရသေးဘူး....

"ဟုတ်လား Khun က ကျွန်တော့်အမျိုးသားမဟုတ်ဘူးလား
ကျွန်တော်ကကျွန်တော့်အမျိုးသားကိုလိုက်ရှာနေတာ Khun မတွေ့မိဘူးလားခင်ဗျ"

"တွေ့လိုက်တယ်ခင်ဗျ Khun အမျိုးသားကထွက်ပြေးသွားပြီ
Khun ကတစ်ချိန်လုံးသူ့ကိုပစ်ထားလို့တဲ့
အပြင်မှာရည်းစားသွားရှာနေတယ်ခင်ဗျ"

Pond ပြန်ပြောလိုက်တော့ အချွဲကောင်လေးက Pond ရဲ့ပုခုံးကိုမေးဖျားလေးနဲ့ထောက်ကာ စိတ်ညစ်သွားတဲ့လေသံလေးနဲ့စကားဆိုလာပြန်သည်......

"အော် စိတ်မကောင်းလိုက်တာ
ကျွန်တော်က ဒီည သူ့အတွက်လက်ဆောင်းကောင်းကောင်းပြင်ဆင်ထားပေးတဲ့ဟာကို
သူကရည်းစားသွားရှာတယ်ဆိုတော့လဲရှိပါစေတော့
ကျွန်တော်ပြန်လိုက်ပါအုံးမယ်ခင်ဗျ"

"ဘယ်ကိုပြန်မှာလဲ"

အခန်းထဲပြန်ဝင်ရန်ပြင်နေတာကြောင့် လက်ကောက်ဝတ်ကိုအားနဲနဲထည့်ပြီးလှမ်းဆွဲလိုက်တော့ ပိန်ပိန်ပါးပါးကိုယ်လုံးလေးက Pond ရဲ့ရင်ခွင်ထဲကိုတန်းခနဲပစ်ဝင်လာလေတော့သည်......

မေးဖျားလေးကိုပင့်ကိုင်လိုက်ရင်း

"အစ်ကို့ကိုဘာလို့ပစ်ထားတာလဲပြောပါအုံး"

နဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးကာမေးလိုက်တော့ လူလည်လေးက Pond ရဲ့လည်တိုင်ကိုယှက်သိုင်းပွေ့ဖက်လာပြီး Pond ကိုပြုံးပြုံးလေးကြည့်နေပြန်လေသည်......

ခွင့်Where stories live. Discover now