ခွင့် (၃၂)

913 98 32
                                    

Mandarin Oriental.......

ထိုင်းနိုင်ငံရဲ့ နံပါတ်တစ် hotel ဖြစ်သည်နှင့်အညီ hotel ဝင်းထဲဝင်လိုက်တာနဲ့ မျက်နှာစာရှေ့က‌ လျှောက်လမ်းမှာခင်းထားတဲ့စကျင်ကျောက်သားဖွေးဖွေးတွေကနင်းရက်စရာမရှိအောင်ကို ဖြူလွသန့်ရှင်းလို့နေသည်.....

မီးခိုးရောင်ကျောက်သားထုအောက်ခံကို ရွှေရောင်စာလုံးတွေသုံးပြီးရေးထိုးထားတဲ့ Mandarin Oriental ဆိုတဲ့ကျောက်သားနံရံတစ်ခုက hotel အဆောင်အဦးရဲ့အဝင်အဝမှာရှိနေပြီး
ထိုနံရံရဲ့အောက်ခြေကစလို့ တစ်ဝက်ကျော်ကျော်လောက်အထိကို အဖြူရောင် baby breath ပန်းများပြွတ်သိပ်နေအောက်အလှဆင်ထားလေသည်....

မီးခိုး အဖြူနဲ့ ရွှေရောင်အရောအစပ်ကြောင့် ‌အထက်တန်းကျတည်ငြိမ်တဲ့အငွေ့အသက်ကို hotel ထဲခြေမချခင်ကပင်စတင်ခံစားနေရပြီဖြစ်သည်.....

Phet Tinaphont ကားကို hotel ဝန်ထမ်းတစ်ယောက်ကို ပါကင် ထိုးရန်ပေးလိုက်ပြီး ဧည့်ကြိုကောင်လေးကို ဖိတ်စာပြလိုက်တော့ ထိုကောင်လေးက Phet Tinaphont နဲ့ Ben Tinaphont ကိုပွဲရှိရာ ခန်းမ စီခေါ်ဆောင်သွားပေးသည်...

"ဝင်သွားလိုက်လို့ရပါပြီခင်ဗျ"

ခန်းမထဲလှမ်းဝင်လိုက်တာနဲ့ အရင်ဆုံးအမြင်အာရုံကိုဖမ်းစားသွားတာက ဆယ့်ငါးပေအနည်းဆုံးအမြင့်ရှိပြီး Royal ဆိုတဲ့စာလုံးကို ထွင်းထုပုံဖော်အလှဆင်ထားတဲ့ အနက်ရောင်ဖန်တုံးကြီးတွေ.......

ဖန်သားအနက်ထဲမှာမှရွှေရောင်အပိုင်းအစတွေခပ်ကျဲကျဲရောနှောပါဝင်နေပြီး ဖန်တုံးတွေရဲ့အောက်ခြေကိုလဲ ရွှေရောင်မီးလုံးလေးတွေတပ်ဆင်ထွန်းညှိထားသေးသည်.....

ပွဲကိုတက်ရောက်လာသူအကုန်လုံးကလည်း မီးခိုးရောင် အနက်ရောင်နဲ့ ရွှေရောင်တို့ကို တခြားအရောင်တွေနဲ့တွဲဖက်ပြီးဝတ်ဆင်လာကြတဲ့အပြင် ခန်းမတစ်ခုလုံးကိုလဲ Royal group ရဲ့ ကိုယ်စားပြုအရောင်တွေဖြစ်တဲ့မီးခိုးရောင် အနု အရင့် အနက်ရောင်နဲ့ ရွှေရောင်တွေကိုသာသုံးပြီးပြင်ဆင်ထားတာကြောင့် ပွဲနေရာထိုင်ခင်းတစ်ခုလုံးဟာ ခန့်ညားတည်ငြိမ်မှုနဲ့ ဩဇာအာဏာလွှမ်းမိုးနိုင်မှုရှိတဲ့ အငွေ့အသက်တွေအပြည့်.......

ခွင့်Where stories live. Discover now