ခွင့်(၄)

1K 103 6
                                    

Gem ရေမိုးချိုးပြင်ဆင်ပြီးချိန်မှာတော့ အချိန်က‌ညနေလေးနာရီထိုးပြီဖြစ်သည်။
Gem ရဲ့ဖေဖေလည်းအလုပ်စောစောဆင်းတာကြောင့်ပြန်ရောက်နေလေပြီ။
မွေးနေ့ပြင်ဆင်တာနဲ့ပတ်သတ်ပြီးတစ်နေကုန်အလုပ်ရှုပ်နေတဲ့ ကိုကြီးကတော့မ‌ကြာသေးမီကမှ ရေချိုးရန် အပေါ်သို့တက်သွားလေသည်။
ကိုကြီး ရဲ့ဖေဖေနဲ့ Gem တို့ရဲ့ဖေဖေက သူငယ်ချင်းအရင်းတွေဖြစ်တာကြောင့် Gem တို့ညီအစ်ကိုတွေမမွေးခင်ကပင် ကိုကြီး က အိမ်ကိုအဝင်အထွက်ရှိသည်။
ကိုကို မွေးလာတော့လဲ ကိုကြီး ကအရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးခဲ့ပြီး Gem ကိုလဲညီအရင်းလိုချစ်ပေး ဂရုစိုက်ပေးတာကြောင့် Gem အတွက် ကိုကြီး ကအစ်ကိုအရင်းတစ်ယောက်နဲ့မခြားပေ။

မွေးနေ့က ညနေ‌ခြောက်နာရီတွင်စမည်ဖြစ်သောကြောင့် နဲနဲတော့စောနေသေးသည်။
အခန်းထဲမှာလဲမနေချင်တော့တာကြောင့် အောက်ထပ်ကိုသာဆင်းရန်ဆုံးဖြတ်လိုက်သည်။
အောက်ထပ်ကိုရောက်လာတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဖေဖေရယ် မေ‌မေရယ် ကိုကို ရယ် သုံးယောက်ခေါင်းချင်းဆိုင်ကာထိုင်နေကြသည်။

" ဘာတွေလုပ်နေကြတာလဲခင်ဗျ"

Gem ကပြောပြီးဆိုဖာ ပေါ်မထိုင်ပဲ ကိုကို့ ဘေးကကြမ်းပြင်ပေါ်ပဲမှာထိုင်လိုက်သည်။
ဖေဖေက Gem ကိုပြုံးပြရင်း

"သားတို့ငယ်ငယ်ကပုံတွေကြည့်နေတာ....."

လို့ပြန်ဖြေပေးသည်။

စားပွဲပေါ်မှာ မိသားစုအမှတ်တရ ဓာတ်ပုံ အယ်ဘမ်ရှိနေပြီး ထိုအယ်ဘမ်ထဲမှာ ကိုကို နဲ့ Gem တို့ရဲ့ငယ်ငယ်ကပုံတွေအပြည့်ပင်ဖြစ်သည်။
Gem လဲအတူတူဓာတ်ပုံလေးတွေပြန်ကြည့်နေလိုက်သည်။

ကိုကို က မွေးကတည်းကတစ်ခုခုကိုသင်ယူဖို့တက်ကြွသူဖြစ်မှန်းသိသာစွာပင်
ဘယ်ပုံကိုကြည့်ကြည့်မျက်လုံး‌ လေးတွေကကြည်ကြည်တောက်တောက်စူးစူးရှရှလေး။

ဘာပဲလုပ်လုပ်အာရုံစူးစိုက်စွာလုပ်တတ်တာကြောင့်လည်း
သူစိတ်ဝင်စားသမျှအရာရာတိုင်းကို ကျွမ်းကျွမ်းကျင်ကျင်မတတ်‌မြောက်ဘူးဆိုတာမရှိ။
ဆုရလို့ရိုက်ထားတဲ့ပုံတွေလဲမနဲမနောပင်.....

ခွင့်Where stories live. Discover now