ခွင့်(၂၄)

923 121 39
                                    

ရင်ခွင်ထဲကိုအတင်းတိုးဝင်ကာ လည်တိုင်ကိုအားကိုးတကြီးဖက်တွယ်ပြီး အော်ဟစ်ငိုယိုလာတဲ့ ‌Fourt ရဲ့ကိုယ်လုံးလေးပြန်လည်ပွေ့ဖက်ထားရင်း Gem လည်းမျက်ရည်မဆည်နိုင်.....။

"ငါညစ်ပတ်နေပြီ Gem.....ငါအရမ်းညစ်ပတ်နေပြီ
အဲ့လိုနဲ့ Gem ငါ့ကိုရွံသွားရင်ဘယ်လိုလုပ်မလဲ.....အင့်....
အဲ့လိုနဲ့ငါ့အနားမှာမနေချင်တော့ရင်ဘယ်လိုလုပ်မလဲ......ဟီး..."

"မဟုတ်တာ Fourth ရယ်
မညစ်ပတ်ပါဘူး အဲ့လိုမတွေးရဘူးလေ....နော်..... Fourth ကအရမ်းသန့်စင်တယ်
ကျွ‌န်တော့်အတွက်တော့ Fourth ထက်ပိုပြီးသန့်စင်တဲ့သူမရှိတော့ဘူး Fourth ကအသန့်ရှင်းဆုံးပဲ
ပြီးတော့ကျွန်တော် Fourth နားကဘယ်တော့မှထွက်မသွားပါဘူး
Fourth နှင်ထုတ်ရင်တောင်မှပဲ ကျွန်တော်က‌မရ ရအောင်တောင်းပန်ပြီးကပ်နေမှာ
Fourth သာကျွန်တော့်ကိုမထားခဲ့ပါနဲ့...."

"-------"

"ကျွန်တော့်ကိုထပ်ပြီးရှောင်မနေနဲ့တော့နော်
အတူတူဖြေရှင်းကြမယ်
Fourth တစ်ယောက်ထဲမဟုတ်ဘူး Fourth မှာကျွန်တော်ရှိတယ်နော်
မငိုပါနဲ့တော့ Fourth ရယ်"

တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်လေးကို သိမ်းကျုံးပွေ့ဖက်ထားရင်း အထပ်ထပ်ချော့မြူနေမိသည်။

ဖြူနုနေတဲ့ကိုယ်လုံးလေးပေါ်က သွေးစို့နေတဲ့ပွတ်တိုက်ရာတွေကိုမြင်တော့ အသားနာလို့နာမှန်းမသိလောက်အောင်အကြောက်အကန်ဖြစ်နေရှာတဲ့ Fourth ရဲ့စိတ်ဒဏ်ရာအတိမ်အနက်ကိုတွေးမိပြီး ပြင်းပြင်းပြပြနာကျင်ရသူဟာ Gem ပဲဖြစ်သည်.....

အပျော်ရွှင်စေချင်ဆုံးလူသားလေး ဝမ်းနည်းတုန်လှုပ်စွာငိုကြွေးနေတာကိုမြင်တွေ့ရတာလောက် Gem အတွက်ခံရခက်တာမရှိ....

တစ်ခါတလေအသဲယားလွန်းလို့ကိုက်ပစ်ချင်လာရင်တောင်မှ နာသွားမလားဆိုတဲ့အတွေးနဲ့ ခပ်ဖိဖိနမ်းပစ်ယုံလောက်ပဲနမ်းဖြစ်တဲ့ Gem အတွက်တော့ Fourth ခန္ဓာကိုယ်ပါ်က သွေးစို့နီမြန်းရာတွေက စေ့စေ့ပင်မကြည့်ရက်စရာ.....

စိတ်ရောကိုယ်ပါ ဘယ်လောက်တောင်နာကျင်နေရှာလိမ့်မလဲ

ရင်တွေလည်းပူလှပါပြီ Fourth ရယ်.....

ခွင့်Where stories live. Discover now