ခွင့် (၁၃)

1.1K 105 56
                                    

"Fourth ရောက်ပါပြီ"

"- - - - - - -"

"Fourth"

"- - - - - - -"

"အာ......အိပ်တောင်ပျော်နေပြီပဲ"

Gem ဆေးရုံပထမထပ်ရဲ့ ကားပါ‌ကင်မှာကားကိုရပ်လိုက်ပြီး Fourth ကိုခေါ်လိုက်ပေမယ့် ပြန်မထူးတာကြောင့်လှည့်ကြည့်မိတော့ Fourth ကသူ့ဘက်ကိုခေါင်းလေးစောင်းပြီးအိပ်မောကျနေလေသည်။
မျက်ဝန်းတွေမှေးမှိတ်ထားတာကြောင့်မျက်တောင်စိပ်စိပ်လေးတွေအရိပ်ထင်‌နေတဲ့ပါးပြင်လေးကိုငေးကြည့်ရင်း Gem ရင်တွေခုန်လာပြန်သည်။ အမြင်မှာဖြူဖွေးဝင်းမွတ်နေသလောက် အထိအတွေ့ကလဲ နွေးထွေးအိစက်ကာ အနံ့လေးကလဲချိုချိုမွှေးမွှေးလေး။
ပါးပြင်လေးကိုလက်ညိုးနဲ့ ခပ်ဖွဖွလေးထိုးလိုက်တော့ လက်ညိုးထိပ်ဖျားကပါးလေးထဲကိုနစ်ဝင်သွားသည်။ အသဲယားလိုက်တာ.....

"ဂလု"

ကိုယ့်တံတွေးမြိုချသံကြောင့် Gem ကိုယ့်ဘာသာပြန်လန့်သွားသည်။

ဒီမျက်နှာလေးက တကယ့်ကိုအန္တရာယ် များတာပဲ။

ကိုယ့်ကိုယ်ကိုရယ်ချင်သွားတာကြောင့် Gem ခပ်ဖွဖွရယ်ရင်းခေါင်းခါမိသည်။ Fourth နဲ့တွေ့မှသူလဲ နှာဘူးလုံးလုံးကိုဖြစ်လို့။

aircon လျော့လိုက်ပြီး Fourth အိပ်ရတာသက်တောင့်သက်သာရှိစေရန် safe belt ကိုဖြုတ်ကာ ခုံကိုနောက်ကိုလှန်ချပေးလိုက်တော့ Fourth စီက ကလေးလေးတွေအိမ်မက်ရောင်သလို တအိ အိ အသံလေးထွက်လာလေသည်။
အနဲငယ်စောင်းနေတဲ့ကိုယ်လုံးလေးက အခုတော့ Gem ဘက်ကိုအပြည့်အဝ စောင်းလာကာ ‌ခြေထောက်ကိုခုံပေါ်ကွေးတင်ရင်း အိပ်နေတဲ့အနေအထားကိုပြင်ပြီး ဆက်အိပ်ပျော်နေလေသည်။
Gem က Fourth ရဲ့ဖိနပ်ကိုကြိုးဖြေပြီးဖြေးဖြေးချင်းချွတ်ပေးလိုက်သည်။

ထို့နောက် ဖေဖေနဲ့မေမေကို ဒီညအပြင်မှာအိပ်မည်ဖြစ်ကြောင်း message ပို့ကာ ခုံကိုလှန်ချပြီး Fourth ဘက်ကိုစောင်းလှဲအိပ်လိုက်ရင်း Fourth မျက်နှာလေးကိုငေးကြည့်နေလိုက်မိသည်။ Fourth နဲ့တွေ့တာတစ်လလောက်ပဲရှိသေးပေမယ့် Fourth ကိုအရင်ကတည်းကရင်းနှီးခဲ့တဲ့သူတစ်ယောက်လို ခံစားမိသည်မှာဘာကြောင့်လဲမသိ ။ ပြီးတော့ Fourth အပေါ်မှာခံစားချက်ရှိနေတာမှန်ပေမယ့် ဒီလောက်ခပ်မြန်မြန်ဖွင့်ပြောမိသွားလိုက်မယ်လို့မထင်ထား။

ခွင့်Where stories live. Discover now