ခွင့် (၁၄)

938 102 18
                                    

"ဒီနေ့ဘယ်လိုနေလဲ Khun Rem Tinaphont
အသက်ရှူရတာအဆင်ပြေရဲ့လား ရင်ဘက်အောင့်တာတို့ ရင်တုန်တာတို့ရှိသေးလားခင်ဗျ"

လူနာမှတ်တမ်းစာအုပ်ကိုပိတ်လိုက်ရင်း အပြုံးနုနုလေးနဲ့မေးလာတဲ့ ဒေါက်တာလေးကိုကြည့်ကာ Rem လည်းအလိုလိုနေရင်းလိုက်ပြုံးမိလေသည်။

စိတ်အေးချမ်းလိုက်တာ။

မျက်နှာလေးမြင်ရရုံနဲ့ရောဂါတစ်ဝက်သက်သာတယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မည်။

ရှင်သန်လာခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ Rem Tinaphont ကိုမှခစားချင်ပါတယ်ဆိုတဲ့ ဥစ္စာပေါ ရုပ်ချောယောက်ျားပေါင်းများစွာကို Rem တွေ့ကြုံခဲ့ဖူးသည်။
ဘယ်လောက်ပြည်စုံချောမောတဲ့ ယောက်ျားပဲဖြစ်ဖြစ် Rem အတွက်တော့ ဘာမှမက်မောစရာမရှိ။ အားလုံးအတူတူပင်။

ဒါပေမယ့် ရှေ့မှာမြင်နေရတဲ့ အမျိုးသားလေး‌လို Rem ရဲ့စိတ်နှလုံးကို အေးချမ်းလုံခြုံမှုပေးနိုင်တဲ့သူကတော့ ဒီတစ်သက်မှာ ဒီတစ်ယာက်သာကြုံဖူးလေသည်။

နူးညံ့အေးချမ်းတဲ့မျက်နှာသွယ်သွယ်လေးနဲ့ ကြည်ကြည်လင်လင်နွေးနွေးထွေးထွေးအသံပိုင်ရှင် ဒီအမျိုးသားလေးစီမှာ Rem ဟာ အတုံးအရုံးကိုကျဆုံးမိနေလေပြီ။
Rem Tinaphont ရဲ့နှလုံးသားလေးအမြဲထာဝရ ကျန်းမာဖို့ ဒီဒေါက်တာလေးတာဝန်ယူမှရပေတော့မည်။

Phuwin Norawit ဆိုတဲ့ဒီအမျိုးသားလေးကို Rem တကယ်အပိုင်လိုချင်သည်။

"Rem နေလို့ကောင်းပါတယ်ရှင့် ‌အခုလိုဂရုစိုက်ပေးတဲ့အတွက် ဒေါက်တာ့ကို အရမ်းကျေးဇူးတင်ပါတယ်
ဒေါက်တာသာအချိန်မီကုသမပေးနိုင်ခဲ့ရင် Rem အခုချိန်ဒီလောကကြီးထဲမှာရှိတော့မယ်တောင်မထင်ဘူး
‌Rem ဒေါက်တာ့ကို‌အများကြီးကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်ခင်ဗျ
ကျွန်တော့်ကိုကျေးဇူးတင်တယ်ဆိုရင် Khun Rem Tinaphont
ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ
ကျန်းမာအောင်နေပါ
နှလုံးရောဂါဆိုတာမျိုးက အရှင်းပျောက်ဖို့တော့မလွယ်ကူပေမယ့် အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုသေသေချာချာလေးဂရုစိုက်ပေးနိုင်ရင် သာမန်လူတွေလိုပဲ အသက်အရှည်ကြီးနေနိုင်ပါတယ်
ဆေးလဲသေချာလေးသောက်ပြီး အတက်နိုင်ဆုံးစိတ်ဖိစီးမှုနည်းအောင်နေဖို့ကလည်းအရေးကြီးတာပေါ့"

ခွင့်Donde viven las historias. Descúbrelo ahora