ခွင့် (၅)

1K 109 3
                                    

ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်ပြီး အေးစိမ့်နေ‌တဲ့အခန်းမှာ သူနိုးလာခဲ့တယ်။

အနီရောင်မီးတစ်လုံးသာ ခပ်မှိန်မှိန်လင်းနေတဲ့အခန်းရဲ့အိပ်ယာပေါ်မှာလဲလျောင်းနေတဲ့ သူ့ခန္ဓာကိုယ်ဟာ မိုင်ပေါင်းများစွာကနေပြေးလာခဲ့ရသလို ဖျော့တော့နွမ်းလျလျှက်..…...

ခေါင်းတစ်ခုလုံးချာချာလည်အောင်မူးနောက်နေပြီး မြင်ကွင်းကနှစ်ထပ်သုံးထပ်တွေဖြစ်နေပေမယ့် ဘယ်နေရာရောက်နေလဲဆိုတာကိုသူကောင်းကောင်းသိသည်။

ငရဲ.....
ဟုတ်တယ်.....
ဒါဟာငရဲခန်းပဲ......

သူဘယ်လောက်ထွက်ပြေး ထွက်ပြေး ဘယ်တော့မှမလွတ်မြောက်ခဲ့တဲ့ငရဲ

သူဘယ်လောက်ပုန်းနေပုန်းနေ သူ့ရှေ့မှာအမြဲပေါ်လာနေကျ ငရဲ

ကမ္ဘာမြေပေါ်မှာတည်ရှိပြီး မသေခင်ကပင်သူကျခံနေရတဲ့ လောကငရဲပင်ဖြစ်သည်။

စိတ်ခြောက်ခြားမှုအခိုးအငွေ့တွေဟာ သူ့ခန္ဓာကိုယ်အနှံ့အပြားသို့တစိမ့်စိမ့် တိုးဝင်လျှက်ရှိသည်။

အိပ်ယာကိုလက်ထောက်ပြီးထထိုင်ဖို့လုပ်လိုက်ပေမယ့်ပြန်လဲကျသွားသည်။
သူ့ရဲ့ခြေလက်တွေဟာ အခုမှလမ်း‌လျှောက်တတ်ခါစကလေးငယ်တစ်ယောက်လို ယိုင်နဲ့ပျော့ခွေလို့နေလေ‌သည်။

တစ်ကိုယ်လုံးကလည်း ရေညှစ်ထားတဲ့ပဝါစ‌လေးလို လျော့ရဲတွန့်ကြေလျက်

အားကုန်းသုံးပြီးလွတ်‌မြောက်ဖို့ကြိုးစားပေမယ့်လည်း ခန္ဓာကိုယ်ကလုံးဝထူမတ်လို့မရ

အသားကုန်လူးလွန့်တွန်းထိုးနေပေမယ့် သူ့ရဲ့အားထုတ်မှုက အိပ်ယာခင်းတွေတွန့်ကြေသွားဖို့ထက်ပိုပြီးမစွမ်းဆောင်နိုင်....

မောဟိုက်လွန်းလို့ တဒုတ်ဒုတ်ခုန်နေတဲ့နှလုံးသားကလည်း ရင်ဘက်ထဲက‌နေပွင့်အန်ထွက်ကျလာတော့မလားထင်ရလေသည်။

ဒါပေမယ့် ရုန်းကန်နေတာကိုရပ်လိုက်လို့မဖြစ်.....

မကြာခင်မှာ
အရိပ်မည်းကြီးရောက်လာတော့မည်....
ထိုအရိပ်ရောက်လာလျှင် သူ့ရဲ့ငရဲခန်းဟာစတင်တော့မည်....

ခွင့်Where stories live. Discover now